Chapter 30ကြက်ဥမုန့်
ကျန်းရှုယောင် နေ့တိုင်း အိမ်ထဲတွင် နေပြီး သူမ အားလပ်ချိန်တွင် ထမင်းဟင်းချက်ကာ ပျင်းရိချိန်တွင် ခြံဝင်းထဲတွင် အိပ်နေခဲ့သည်။
မကြာသေးမီက ရှုရှီက ကောင်လေးနှစ်ယောက်ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားထားရသော်လည်း ရံဖန်ရံခါ သူမခြံဝင်းထဲသို့ ခိုးဝင်သွားကြသည်။ ရှုရှီက အိမ်တော် တစ်ခုလုံးကို တာဝန်ယူထားသူဖြစ်သဖြင့် သူမသိပေမဲ့ မျက်လုံးတစ်ဖက်ဖွင့်ပြီး နောက်တစ်ဖက်ကို ပိတ်ထားလိုက်၏။
ကျန်းရှုယောင် ကောင်လေးနှစ်ယောက်ကို တွေ့တိုင်း အလွန်ပျော်ရွှင်နေခဲ့သည်။ ယနေ့ သူတို့ရောက်လာသောအခါ သူတို့အတွက် ကြက်ဥမုန့်ဖုတ်ရန် ပျော်ရွှင်စွာ မီးဖိုချောင်ဆီကို ပြေးသွား၏။
မုန့်အကာပြုလုပ်ရန် အချိန်အနည်းငယ်ယူရပြီး ဌာပနာမုန့်ထွက်လာချိန်၌ နေဝင်ရီတရောဖြစ်နေပြီဖြစ်သည်။
ခြံဝင်းတစ်ခုလုံးသည် မုန့်၏ချိုမြိန်သော နို့အနံ့အရသာဖြင့် ပြည့်နေသည်။ ရှဲ့ကျောက်က အစားမက်ပြီး မုန့်မီးဖိုရှေ့မှာ တဝဲလည်လည်လုပ်နေ သည်။ ဌာပနာမုန့်ကို ဖုတ်ပြီး ကျန်းရှုယောင် ထုတ်လိုက်သည်အခါ ပါးစပ်ဖွင့်ပြီး ချက်ချင်းစားရန် မစောင့်နိုင်တော့ပေ။
လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော ကြက်ဥမုန့်များက အလွန်ပူပြင်းပြီး အပေါ်ယံလွှာမှာဖောင်းမို့နေသည်။ အတွင်းအလွှာရှိကြက်ဥနို့ပေါင်းက ခဲနေကာ နူးညံ့ပြီး အဝါရောင်ရှိလေသည်။ ပူဖောင်းအနည်းငယ်က ပယင်းရောင်သန်းသည်အထိ ကင်ထားသည်။
ကြက်ဥမုန့်တွေက အရမ်းဆွဲဆောင်မှုရှိပြီး ရှဲ့ကျောက်၏ကြင်ကြင်နာနာစကားများ တန်းထွက်လာပါတော့၏။
"တတိယအဒေါ်က အရမ်းအံ့သြစရာကောင်းတာပဲ ...အနံ့လေးကကောင်းလိုက်တာ... သားစားလို့ရမလား"
ရှေးခေတ်က သံဖြူပြား သို့မဟုတ် အလူမီနီယမ်သတ္တုပြား မရှိသောကြောင့် ထုတ်ယူရန် ခက်ခဲသည်။ ကျန်းရှုယောင် ထိုအစား ခရပ်စက္ကူကို အသုံးပြုရန် ရွေးချယ်ခဲ့သည်။ မုန့်ဖုတ်မီးဖို၏ အပူချိန်ကို လျှော့ချလိုက်ပြီး ခဏကြာအောင် ဖုတ်ရ၏။ သူမ အရင်ဆုံး တစ်ကိုက် ကိုက်လိုက်ပေမဲ့ အဆုံးသတ် အရသာက မော်ဒန်ခေတ်ထက် အနည်းငယ် ပိုဆိုးနေဆဲဖြစ်သည်။ အပေါ်ယံက သိပ်မကြွပ်သလို အတွင်းပိုင်းမှာလည်း ကောင်းကောင်း မနူးညံ့ပေ။
YOU ARE READING
ခေတ်ဟောင်းရောက် Foodie တစ်ယောက်၏ ရှင်သန်ခြင်း
FanfictionTraslation all credit to Original Author and E Translator uodate -mon.wed and Friday