Chapter 70

792 129 0
                                    


Chapter 70



နေရောင်က တိမ်မြုပ်နေ၏။ ကောင်းကင်ကြီးသည် ခမ်းနားထည်ဝါသော အရောင်များဖြင့် ပြည့်နေသည်။ လိမ္မော်ရောင်၊ အနီရောင်နှင့် ခရမ်းရောင်တို့သည် တစ်ခုနှင့်တစ်ခု ရောနှောကာ နွေးထွေးနူးညံ့သော တောက်ပမှုကို ပက်ဖြန်းသည်။ အရာအားလုံးကို နူးညံ့သောရောင်လျှံဖြင့် လွှမ်းခြုံထားသည်။

ရှုရှီက ကျန်းရှုယောင်၏ ညာဘက်ခြမ်းတွင် ထိုင်နေပြီး ကလေးနှစ်ယောက်က နေဝင်ချိန်ကို ကြည့်ရန် တိတ်တိတ်လေးသူတို့ပေါ်မှီထားကြ၏။ သူမ ငြိမ်းချမ်းအေးဆေးသောအဟုန်ဖြင့် ကူးစက်ခံလိုက်ရကာ ကျန်းရှုယောင်ဘက်သို့ ညင်သာစွာ လှည့်ပြီးပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်ညီမ"

ကျန်းရှုယောင် ရှုခင်းကို သဘောကျနေသော သူမ၏ အကြည့်ကို ပြန်ရုတ်လိုက်ပြီး သူမကို ပဟေဠိဖြစ်စွာဖြင့် လှည့်ကြည့်လိုက်သည်။

"အားကျောက် နဲ့ အားယောင် ဒီနေ့ အရမ်းပျော်နေတယ်... ငါ သူတို့မွေးနေ့တွေမှာ အရင်က ဒီလောက်အများကြီး မလုပ်ဖူးဘူး"

သူမက ကလေး၏ခေါင်းကို ပွတ်သပ်ကာ တုံ့ဆိုင်းနေပြီးနောက် သူမရင်ဘက်ထဲရှိနေသည်ကိုပြောလိုက်၏။

“ငါလည်း အရမ်းပျော်တယ်... ကျေးဇူးတင်ပါတယ်”

ရှုရှီ၏ ကျေးဇူးတင်သောအမူအရာကိုကြည့်ရင်း ကျန်းရှုယောင် နူးညံ့မှုကို ခံစားလိုက်ရကာ စိတ်ထဲခံစားသွားရသည်။

"ယောက်မ..."

သူမ ဘာမှပြန်မပြောရသေးခင် ကျိုးရှီက  ယရုတ်တရက် ပါးစပ်ကိုဖွင့်လိုက်ပြီးဆို၏။

"ငါလည်း ရှဲ့မိသားစုထဲလက်ထပ်ဝင်ပြီးကတည်းက ဒါပထမဆုံးအကြိမ် ညစာက အရမ်းနွေးထွေးတယ်ဆိုတာ သိလိုက်ရတယ်... ငါ တကယ်ကိုပဲ နေကို နည်းနည်း ပိုနှေးပြီးဝင်စေချင်တယ်"

ကျန်းရှုယောင် ချဉ်စူးလာသလို ခံစားလာရပြီး ကျိုးရှီ၏လက်ဖမိုးပေါ်တွင် သူမလက်ကို တင်လိုက်သည်။

ကျိုးရှီက နူးညံ့သော အမူအရာဖြင့် သူမကို ပြုံးပြလိုက်သည်။ သူအထီးကျန်မှုကို ဖုံးကွယ်မထားတော့ဘဲ “ကျေးဇူးတင်ပါတယ်” ဟု လေးနက်စွာ ပြောခဲ့၏။

ခေတ်ဟောင်းရောက် Foodie တစ်ယောက်၏ ရှင်သန်ခြင်းWhere stories live. Discover now