Chapter 46

1.1K 155 1
                                    


Chapter 46

ငရုတ်သီး



လင်းချန်၏ အသည်းနှလုံးသည် ရှဲ့ရွှင်း ကြောင့် ကြေကွဲခဲ့ရသော်လည်း မြို့တော်၏အခြားတစ်ဖက်တွင် ကျန်းရှုယောင်တစ်ယောက်  လုံးဝအသည်းကွဲသွားခဲ့သည်။

ကျန်းရှုယောင်  သူမကို အရင်ကရှာခိုင်းသည့် ငရုတ်မျိုးစေ့တွေကို ရှာတွေ့ခဲ့သည်ဟု သခင်မရှန်းယန်က သတင်းပို့ခဲ့ပေမဲ့ သူမလိုချင်သည့် အစေ့အမျိုးအစား ဟုတ်မဟုတ်က မသေချာပါချေ။

ကျန်းရှုယောင်  အတောင်ပံများ ပေါက်ပြီး သခင်ရှန်းယန်အိမ်တော်သို့ ချက်ချင်း ပြန်ပြေးသွားလိုသော်လည်း သူမအောင့်အီးထားရ၏။ ရှဲ့ရွှင်း  ပြန်လာသောအခါတွင် သတင်းကောင်းကို ဝေမျှရန် ကျင့်ဝတ်ကိုလျစ်လျူရှုကာ သူ့ရှေ့သို့ ပြေးသွားခဲ့သည်။

ရှဲ့ရွှင်းက ယခုမှ အိမ်သို့ပြန်လာခါစပြီး ရှုပ်ထွေးပြီး လေးလံသော အရာရှိဝတ်စုံများကို ၀တ်ဆင်ထားဆဲဖြစ်သည်။ သူ အနည်းငယ် မောပန်းနေသော်လည်း ကျန်းရှုယောင်က သူမ၏ စကတ်ကို လက်နှစ်ဖက်ဖြင့် မကာ အဝေးမှ သူ့ဆီသို့ ပြေးလာသည်ကို တွေ့လိုက်ရသောအခါတွင် သူ၏ ပင်ပန်းနွမ်းနယ်မှုများ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ခြံတံခါးဝမှာ ရပ်ပြီး မသိစိတ်ဖြင့် ပြုံးပြီးဆိုလိုက်၏။ 

"ဘာလို့ ပြေးနေတာလဲ"

ကျန်းရှုယောင်က ပြောပြရန်မစောင့်နိုင်တော့ပေ။ "ပန်းငရုတ်သီးရှာဖို့  ပင်လယ်သွားတဲခရီးသွားအုပ်စုကိုခိုင်းဖို့ အမေ့ကို တောင်းဆိုခဲ့တယ်... သတင်းရှိတယ်ဆိုပြီး ပြောဖို့ စာတစ်စောင်ပို့လာတယ်"

သူမကပျော်နေ၍ ရှဲ့ရွှင်းလည်း ဝမ်းသာသွားသည်။ သူ့မျက်လုံးနှင့် မျက်ခုံးထောင့်များသည် တောက်ပမှုအပြည့်ရှိနေ၏။

"ငရုတ်သီး..."

"ကော်နယ်ဆီနဲ့ အရသာတူပေမဲ့ ပိုကောင်းတယ်" ကျန်းရှုယောင်က သူ့ကို ရှင်းပြသည်။

သူမက ပြုံးကာ ခေါင်းမော့၍ ရှဲ့ရွှင်းကိုကြည့်လိုက်ရာ ယနေ့တွင် သူ ထူးထူးခြားခြား ချောမောနေသည်ကိုသာ သတိပြုမိလိုက်သည်။

ခေတ်ဟောင်းရောက် Foodie တစ်ယောက်၏ ရှင်သန်ခြင်းWhere stories live. Discover now