Chapter 32

8.1K 366 12
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 32

ဒုန်း...ဒုန်း...

H ဆိုးရိမ်စိတ်ကြောင့် တံခါးကိုထုတယ်ဆို နှစ်ချက်လောက်ပဲထုလိုက်ရတယ် တံခါးဖွင့်လာတာကြောင့် ကြည့်လိုက်တော့ Mine က အပေါ်ပိုင်းဗလာနဲ့ကို ဘောင်းဘီကြယ်သီးကိုငုံတပ်နေသည်။သူကအဲ့တာထက်ကို Mine တစ်ကိုယ်လုံးကိုဝေ့ကြည့်ကာ....

"Mine ဘာဖြစ်သွားသေးလည်း သေနတ်မှန်သွားသေးလား "

"ဘာမှမဖြစ်ဘူးစိတ်မပူနဲ့ ငါသေနတ်အသံကြားလို့ ထလာတာ....မင်းတံခါးလာခေါက်တာနဲ့ ကွက်တိပဲ"

သေနတ်သံလည်းကြားတယ်ပြောသေးအေးဆေးလုပ်နေတဲ့ Mine သူမှာ အားမရဖြစ်လာကာ....

"Mine တစ်ဖက်သင်္ဘောပေါ်ကနေပစ်နေတာနော် ဘာလုပ်ဖို့စိတ်ကူးထားလည်း မြန်မြန်လေးလုပ်ပါ"

"မင်း သင်္ဘောကိုအဲ့သင်္ဘောနားရောက်အောက်ကပ်ပေး ငါ့ကိစ္စငါရှင်းပါ"

"ဘယ်လိုရှင်းမှာလဲ Mine ပြီးတော့ သူတို့ကသေနတ်တွေနဲ့ ကျွန်တော်ကဘာမှမပါတာမဟုတ်ဘူး"

သူပြောနေခိုက် Mine ကအနောက်လှည့်သွားပြီး ပြန်ထွက်လာတော့ လက်ထဲမှာသေနတ်နှစ်လတ်ပါလာတာကြောင့် H မှာမျက်လုံးပြူးသွားရသည်။Mine ဆိုတာ လက်နတ်ကိုင်တာတစ်ခါမှမြင်ဖူးတာမဟုတ်။အခုလည်း အဝေးပစ်စနိုက်ပါတစ်လတ်နဲ့ ရိုးရိုးသေနတ်တစ်လတ်ကို ကိုင်ထားရင်း ခန္တာကိုယ်မှာလည်း ဘောင်းဘီအနက်တစ်ထည်သာရှိသည်။

"Mine အတွေ့အကြုံလည်းမရှိသလို ဒီလိုကိုယ်ဗလာနဲ့သွားရင်ဆိုင်မှာ ကျွန်တော်ခွင့်အပြုနိုင်ဘူး"

သူပြောနေပင်မဲ့ Mine ကတော့အခန်းတံခါးကို Lock ချကာ သူကိူကျော်ပြီးထွက်သွားပြီမို့ သူမှာအနောက်ကလိုက်ရတော့သည်။တကယ် ကိုယ့်အသက်ကိုမှမနှမြော လုပ်ချင်ရာဇွတ်လုပ်နေတော့တာပဲ။

Mine သင်္ဘောအရှေ့ကိုရောက်တယ်ဆို သူကိုလွန်ဆန်လို့မရတဲ့ H ကသူပြောတဲ့အတိုင်း သင်္ဘောကို ဟ်ိုတစ်ဖက်ကလှေအနားကိုကပ်ပေးသည်။တစ်ဖက်ကနေ သူတို့သင်္ဘောကပ်လာတယ်ဆို ထိပ်မှာမားမားကြီးရပ်နေတဲ့သူကို တည့်ပစ်နေတာကြောင့် သူလည်းရှောင်နေရသည်။ထိုသင်္ဘောနားရောက်တယ်ဆို သူခုန်တက်လာရင်း သူဆီကိုလျှောပ်လာတဲ့ သေနတ်သမားတွေကို လက်ထဲမှာပါလာတဲ့ သေနတ်နှစ်လတ်နဲ့ဝေ့ပြီး ပစ်လိုက်တာက အကုန်လုံးရဲ့ခြေထောက်တွေဆီကိုပင်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now