ရင်ခုန်အောင် အရမ်းမလုပ်ပါနဲ့ ဟန်ယူဂျင်း

515 67 4
                                    

ရင်ခုန်အောင် အရမ်းမလုပ်ပါနဲ့ ဟန်ယူဂျင်း

----

ကျွီ..

""ဟန်ယူဂျင်း?""

"ဟင့်"

ရုတ်တရက် ဟန်ယူဂျင်း ဟူသော ခေါ်သံကြောင့် ယူဂျင်းလန့်သွားသည်။

""မင်းငါ့အခန်းထဲမှာဘာလုပ်နေတာလဲ""

""ဟင် ဒါကို-အဲ့ ခများအခန်းလား?""

ကိုကို ဟုခေါ်ရန်ပါးစပ်ကထွက်လာသော်လည်း ယူဂျင်း ကိုကိုဟုပါးစပ်မှအသံထွက်မလာခင် ခများ ဟုပြောင်းခေါ်လိုက်သည်။

သို့သော် ခများ ဟုခေါ်လိုက်သည် ကို တစ်စုံတ‌ဗင်းက မကျေနပ်သလို မကြိုက်သလို မျက်နှာမျိုးနဲ့ပင်..

ထို့ကြောင့် ခများလို့ခေါ်တာ ကယူဗင်းမကြိုက်မှန်း ယူဂျင်းသိလိုက်ပြီလေ..

""ဟိုစောရီးနော် ကျွန်တော့်ထက်အကြီးကို ခများသုံးလိုက်မိလို့ စောရီး"

ဟုပြောကာ ထွက်သွားရန်ပြင်လိုက်သော်လည်း

""ဘယ်သွားမှာလဲ ဟန်ယူဂျင်း""

ဟူသော စကားသံကြောင့် ယူဂျင်း၏ ခန္ဓာကိုယ်လေးဟာ တုန်တက်သွားသည်။

""ဟို ဒါအစ်ကို့ အခန်းလေ ဖွားဖွားက ဒီမှာ ခဏနားနေပြောလို့ ကျွန်တော်က ခဏ‌အိပ်နေတာ အခု အကိုပြန်ရောက်ပြီဆိုတော့ ကျွန်တော့်ရဲ့ တကယ်အခန်းကိုပြန်လိုက်ပါအုံးမယ် ကောင်းကောင်းအနားယူပါ~""

ဟုပြောကာ ထွက်သွားမည် ပြင်လိုက်သော်လည်း

""အင့်""

ဘယ်အချိန်တည်းက ဆွဲချဖို့ပြင်နေမှန်းမသိတဲ့လက်က ယူဂျင်းကို ကယူဗင်း ပေါင်ပေါ် ဆွဲတင်လိုက်သည်။

""ဟိုအစ်-အစ်ကို ကျွန်-ကျွန်တော့်ကို ပေးသွားပါအုံး""

ရှက်ပြီး စကားတွေထစ်နေတဲ့ သူ့ပေါင်ပေါ်ကအကောင်ပေါက်လေးကိုကြည့်ကာ ခိုးပြုံးမိသည်။

ဘာလို့မှန်းတော့မသိပါ..။

""ကိုယ့်အခန်းကို ဝင်ချင်တိုင်းဝင်ပြီး ထွက်ချင်တိုင်း ထွက်လို့ရမယ်ထင်နေလား ဝင်ချင်တိုင်းဝင်လိုတော့ရမယ်နော် ထွက်ချင်တိုင်းထွက်လို့တော့မရဘူးနော် ယူဂျင်း""

~𝖧𝖨𝖬~ : 규진 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now