ကျွန်တော်ကွာရှင်းချင်တယ် ကိုကို..

456 51 23
                                    

ကျွန်တော်ကွာရှင်းချင်တယ် ကိုကို..
----

အင်း.. သုံးလ?

ကိုကိုနဲ့ကျွန်တော့်လက်ထပ်ပြီးတာ 'သုံးလ' တောင်ရှိပြီ..

ကိုကိုကျွန်တော့်နား နည်းနည်းတောင်မကပ်ဘူး။

ကိုကို့ ကိုစိတ်ဆိုးလိုက်ချင်တယ်.. ဒါပေမဲ့ အရင်တုန်းက မေမေက ကိုကို သူ့ကိုပစ်ထားရင်တောင် "မင်းကိုကို ကိုမညိုညင်ရဘူးလေ စိတ်မဆိုးရဘူး စိတ်မကောက်ရဘူး အဲ့လိုလုပ်ရင်မကောင်းဘူး" လို့ပြောလို့ စိတ်မဆိုးဖူးပါ။ ကိုကို့ကို တစ်ခါမှစိတ်မဆိုးတာအကျင့်တောင်ဖြစ်နေပြီ!

သို့သော် သူနဲ့ ညစာပြန်စားပေးတာကိုပဲကျေးဇူးတင်ရမည်။

~

"ကိုကို"

ကိုကို သူတို့၏ 3 Monthsary ကိုမေ့နေသည်ဟုထင်သောကြောင့် အရိပ်ပြအကောင်မြင် ဆိုသလို ယူဂျင်း အရိပ်ပြမလို့ပင်

သိုသော်လည်း..

"ယူဂျင်း ကိုယ်အလုပ်ကိစ္စတွေအရမ်းရှုပ်နေလို့ အိမ်ပြန်နောက်ကျမယ်နော် ထမင်းစားထားချည်"

"အာ... ဟုတ်"

ယူဂျင်း ပြောစရာစကားပျောက်သွားသည်။

ကိုကိုတကယ်မမှတ်မိတာပဲ!!

~

"Bam"

"ဟုတ်ကဲ့ Boss"

"ဒီည ယူရီမွေးနေ့ ပါတီရှိလို့ ပေးလို့ရတဲ့ လက်ဆောင်လေးတစ်ခု စီစဉ်ပေးပါ ပေးလို့ရရင်ရပြီ ပြီးတော့ ညသွားမဲ့ကားပါ စီစဉ်ထားပေး!
ပြီးတော့ မင်းတို့ အစ်ကိုလေး ယူဂျင်း မသိစေနဲ့"

"ဟုတ်ကဲ့ပါ Boss"

ကယူဗင်း ဒီကိစ္စ ယူဂျင်းကို မသိစေချင်ပါ။ စိတ်ကွက်သွားမယ် ဆိုတဲ့ စိုးရိမ် စိတ်နဲ့..!

~

"ကယူ"

မီးရောင်များအောက်တွင် ယူရီ တစ်ယောက် ကယူဗင်းကိုတွေ့တော့ ချက်ချင်းလာကာ နှုတ်ဆက်လေသည်။

~𝖧𝖨𝖬~ : 규진 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Место, где живут истории. Откройте их для себя