ကိုကိုရေ~

386 41 1
                                    

ကိုကိုရေ~
---

ဒီနေ့ကိုကိုပြန်လာတော့မှာမလို့ ယူဂျင်း ကိုကို့ကိုသွားကြိုဖို့ မနက်အစောကြီး အ‌ကျီလဲပြီး ဧည့်ခန်းထဲတွင် ထိုင်မရထရဖြစ်နေလေသည်။

"ငြိမ်ငြိမ်နေပါ ယူဂျင်းရယ် ခဏနေကားရောက်လာမှာပေါ့"

"ဘာသိလို့လဲ ဟျောင်းက ဘာမှလည်းသိတာမဟုတ်ပဲနဲ့"

"ငါကဘာသိရမှာတုန်း"

"ဟွန့် ဟျောင်းနော် မနေ့ကမှပြန်လာပြီးတော့ ကိုယ့်ညီနဲ့ယူမဲ့ ‌ဒီကကလေးလေးကို စောစောစီးစီးလာအော်နေတယ်"

ဂျီအွန်းအံဩသွားသည်။ ဒီကလေးစကားတော်တော်တက်လာတာပဲ။ သူဒီက‌လေးနဲ့‌မတွေ့တာ ၉နှစ်တောင်ကျော်ပြီပင်

ဂျီအွန်း ငယ်ငယ်ကတည်းက မေမေနဲ့ LA ထွက်သွားခဲ့တာ ယူဂျင်းတောင် တော်တော်ငယ်သေးသည်။

အလွန်ဆုံး 4နှစ်5နှစ် လောက်သာရှိအုံးမည်ထင်သည်။

~

"ယူဂျင်း"

"‌ဗျာ ဟျောင်း"

"အားကျတယ်နော်"

"ဟင်"

"အားကျတယ်လို့ ငါမှာလက်ထပ်ဖို့မပြောနဲ့ ရည်းစားတောင်မရှိဘူး"

"ဟာ ဟျောင်းကလည်း"

"ဟုတ်တယ်လေㅎㅎ သူငယ်ချင်းဖြစ်ဖြစ် အသိဖြစ်ဖြစ်ရှိရင် မိတ်ဆက်ပေးစမ်းပါကွာ ငါလည်းမင်းတို့ကိုအားကျလို့"

ဟုတ်သည်။ ဂျီအွန်းတို့ညီအကိုသုံးယောက်မှာ ဂျီအွန်းကအသက်အကြီးဆုံးဖြစ်သော်လည်း အငယ်လေးနှစ်ယောက်ကလက်ထပ်တော့မည်တဲ့လေ..

~

"ကိုကို~"

"ဟော ယူဂျင်း တကယ်လိုက်လာတာလား"

"ဒါပေါ့ ကိုကိုကလည်း ကျွန်တော်ကကတိတည်တယ်"

"하 하 ဟုတ်ပြီဗျာ~"

"ㅋㅋㅋ"

"ဒီမယ် ငါရှိသေးတာသိကြသေးလား"

အရှေ့မှာ တီတီတာတာ ပြောနေတဲ့ကလေးနှစ်ယောက်၏ပြောသံကိုအစကနားထောင်နေသေးပေမဲ့ နောက်ထပ် မသီးခံနိုင်တော့လို့ ဂျီအွန်းအသံပေးလိုက်သည်။

~𝖧𝖨𝖬~ : 규진 [ᴄᴏᴍᴘʟᴇᴛᴇᴅ]जहाँ कहानियाँ रहती हैं। अभी खोजें