အငိုသန်သော ယုန်ပေါက်လေး..

399 41 4
                                    

အငိုသန်သော ယုန်ပေါက်လေး..
______

အင်းး ‌ဒီနေ့ကျွန်တော်နဲ့ ကိုကိုရဲ့ လက်ထပ်ပွဲလေ

ကျွန်တော်တော့မလုပ်ချင်ဘူး

အချစ်မပါတဲ့ အိမ်ထောင်တစ်ခုမတည်ဆောက်နိုင်ဘူး

ပြီးတော့ ဖြစ်လာမဲ့ ပြဿနာတွေကို ကျွန်တော်လည်းကြို မသိနိုင်သလို

ကြိုလည်းမသိခဲ့ဘူး...။

~

"ဂျီအွန်း ဟျောင်း"

"ဟမ် ကယူဗင်း"

"ယူဂျင်းကို ခဏဖြစ်ဖြစ်သွားကြည့်လို့တကယ်မရဘူးလား"

"မသွားပါနဲ့ဆိုကွာ"

"မနေ့ရှေ့တရက်ညတည်းက ကျွန်တော်မှမတွေ့ရသေးတာကိုဗျာ"

"ခဏနေတွေ့မှာပဲဟာ"

"ဟုတ်ပြီဗျာ ဖွားဖွားကိုသွားပြန်မပြောနဲ့နော် ဖွားဖွားဆူမယ်"

"အင်း"

ဟုဆိုကာ

စကားဝိုင်းလေးဟာ တဖန်တိတ်ဆိတ်သွားပြန်သည်။

~

"ဝါးးး ယူဂျင်း မင်းက အရမ်းချောတာပဲ  ဟင့်"

ဟုတ်သည်။

ယူဂျင်းဟာ နတ်သား တဖွယ်မဟုတ်

နတ်သမီးတဖွယ်ကို လှလွန်းနေ၏..။

သို့သော် အရမ်းလှတယ်လို့ မက်ချူး မသုံးသင့်ဘူး ထင်သော ကြောင့် ချောတယ် ဟုသာသုံးလိုက်သည်။

တကယ်ကို နတ်ပြည်ကနတ်သက်ကြွေလာတဲ့ကလေးပဲ..

ဒါ‌ပေမဲ့ နတ်သက်ကြွေလာတဲ့ ကလေးက ဘယ်လောက်နာကျင်နေမှန်း ဒီကလေးနဲ့ ဘုရားသာသိ၏....

"ဟျောင်းကဘာလို့ငိုနေတာတုန်း"

"အင့် ငါညီလေးတောင် အိမ်ထောင်ပြုတော့မယ် ဟျောင်းရဲ့ကလေးလေးက ကလေးလေးတောင်မဟုတ်တော့ဘူးလို့ တွေးမိလို့ ဟင့်"

"ဟျောင်းကလည်း ကျွန်တော်က ဟျောင်းရဲ့ ကလေးလေးပဲဟာ"

"ယူဂျင်းလေး"

"ဗျာ"

"ဟာအို ဟျောင်းတို့ကိုကောမဖိတ်ထားဘူးလား"

~𝖧𝖨𝖬~ : 규진 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Hikayelerin yaşadığı yer. Şimdi keşfedin