Chapter 33

8.3K 392 7
                                    

👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 33

"ရှင့်လက်က ဒဏ်ရာကဘယ်လိုများဖြစ်ရတာလဲ ဒဏ်ရာကိုကြည့်ရသလောက်ကမနေ့ညကမှဖြစ်ထားတာ ဘယ်အချိန်ကလဲ"

မနေ့ညက အတူတူအိပ်ပျော်သွားတာကို ဘယ်အချိန်ထပြီး ဘာဖြစ်ထကြလည်းမသိပင်မဲ့ ဒဏ်ရာက မနေ့ကမှဖြစ်ထားတဲ့ ဒဏ်ရာမှန်းသိတာကြောင့် ကုတင်ပေါ်ခေါင်းအုံးကိုနှစ်လုံးဆင့်ကာထိုင်နေတဲ့သူကိုမေးလိုက်သည်။သူမသိချင်တာလည်းမေးရင် သူလက်ထောက်လုပ်ပေးတဲ့ ကြက်သားဆန်ပြုတ်ကိုလည်း သူကိုခွံ့ရသေးသည်။ဆောင်း သူမမေးတာကိုမဖြေပဲ စဥ်းစားနေဟန်ရှိသည့်သူကို ပန်းကန်ထဲကလက်ကျန်တစ်ဇွန်းကို ခွံ့ကာဘေးကခုံအဖြူလေးပေါ်လှမ်းတင်ရင်....

"ရှင်မနေ့ညက ကျွန်မအိပ်ပျော်သွားပြီးနောက်ပိုင်း တစ်ခုခုဖြစ်တာလား"

"အင်း ကိုယ့်ကိုလုပ်ကြံမဲ့သူတွေလာလို့ ခုခံရင်းနဲ့ လက်မောင်းကိုထိသွားတာ"

သူပြန်ဖြေတာကို ဟုတ်မဟုတ်တွေးရင်း ဒီလောက်သေနတ်တွေပစ်နေတာကို သူမကဘာလို့ ဘာမှမသိရတာလဲ။ဘယ်လောက်ပဲ အိပ်ရေးကြီးပါစေ အသက်အန္တရာယ်နဲ့ပက်သက်လာရင် အိပ်တာကလည်းအရေးမှမကြီးတော့တာ။

"ဘာလို့ကျွန်မက သေနတ်သံတောင်မကြားရတာလဲ....ကျွန်မအိပ်ရေးတအားကြီးတာသိပင်မဲ့ ဒီလောက်ကြီးတော့မဖြစ်နိုင်ဘူးထင်တယ် "

"ပြဿနာကအဆိုးအဝါးကြီးမှမဟုတ်တာ ပူတူးရဲ့ သူကကိုယ့်ကိုပစ်ပြီးတယ်ဆိုထွက်သွားတာကို ဘယ်လိုကြားမှလဲ"

"ရှင်ကအခန်းထဲကနေ အပြင်ကိုဘာထွက်လုပ်တာလဲ အခန်းထဲကိုလှမ်းပစ်တယ်ဆိုရင်တော့ ကျွန်မမသိစရာအကြောင်းမရှိဘူး"

"ကိုယ်အပြင်ကို လေညင်းထွက်ခံတာ"

သူပြဿာနာတွေကြားထဲသူမကို မထည့်ချင်တာကြောင့် အဖြစ်မှန်ကိုတော့သူမပြောဖြစ်တော့။သူအခုကိစ္စလည်းဒီအတိုင်းထားမှာမဟုတ်တာတော့သေချာသည်။ဒီကိစ္စအတွက်လည်း သူဦးလေးပြန်ပေးဆပ်ရမှာကတော့ သူစဥ်းစားနေတုန်းဖြစ်သည်။အခုအချိန်အရေးကြီးတာက သူမဖြူစင်ကိုသက်သေပြနိုင်ခဲ့သလို သူမကိုမဆိုင်ပဲအမှုထဲရောက်အောင်လုပ်တဲ့ တရားခံအစစ်ကိုလည်းသူရအောင်ဖော်ထုတ်ရဦးမည်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now