unicode
"ဆိုးလ်တွင် လက်တလောဖြစ်ရပ်များအရ လုယက်မှုပေါင်း .."
tv မှ မှုခင်းသတင်းကြေညာသံဟာ ဒယ်ဂူရဲစခန်းအတွင်း ခပ်တိုးတိုးပျံ့လွင့်နေခဲ့သည်။ စခန်းအတွင်း ရှိနေသော တာ၀န်ကျ ရဲအရာရှိ သုံးဦးမှာလည်း သူတို့စားပွဲတွင်သူတို့ ထိုင်လျက် လုပ်စရာရှိသည်များကို လုပ်ကိုင်နေကြသည့်အထဲမှ အခန်းရဲ့ညာထောင့်ကစားပွဲထိုင်နေသော ရဲအရာရှိမှာတော့ စိတ်နဲ့လူမကပ်သဖွယ် အနေအထားနှင့်ရှိနေလေသည် ။
လက်ထဲက စာရွက်စာတမ်းအချို့ကို ကိုင်သာကိုင်ထားပြီး မျက်၀န်းတို့ကတော့ ထိုစာရွက်များတွင်ရှိမနေချေ ။
"ဟေ့ အလတ်ကောင်!"
"ဟမ်!"
စိတ်နှင့်လူနှင့်မကပ်စွာ တွေးတောနေမိသည်မှာ တစ်ဖက်ကစားပွဲမှ အစ်ကိုဖြစ်သူခေါ်သံကြားမှ သတိပြန်ကပ်တော့သည် ။
"ဘာတွေတွေးနေတာလဲ မင်း! ငါ အရာရှိဂင်(မ်) ဆိုပြီး လှမ်းခေါ်နေတာ သုံးခါရှိပြီ အလတ်ကောင်လို့ခေါ်မှ ကြားလား
"..."
ကိုယ့်အပူနဲ့ကိုယ်မို့လို့ သက်ပြင်းသာချမိပြီးဘာမှပြန်မပြောမိ ။ ထိုအရာရှိ၏ စားပွဲပေါ်တွင်တင်ထားသော ဖန်ပြားပေါ်၌ရေးထွင်းထားသည်မှာ အရာရှိဂင်(မ်)ထယ်ဝီ ဟု ဖြစ်ပြီး တစ်ဖက်ကအရာရှိရဲ့ စားပွဲပေါ်တွင်တော့ စခန်းမှူး ဂင်(မ်)ထယ်ဂျွန်း ဟူ၍ဖြစ်သည် ။
စခန်းမှူးထယ်ဂျွန်းက အသက် 34 ခန့်သာရှိသေးသည် ဖြစ်ပြီး အရာရှိထယ်ဝီကတော့ အသက် 30 တိတိပြည့်ပြီးပြီဖြစ်သည် ။
သူတို့၏အောက်မှာတော့ အသက် 25 နှစ်အရွယ် ညီလေးတစ်ဦးရှိသေးသည်ဖြစ်ကာ ထိုကလေးကအခုချိန်တွင်တော့ သူတို့နဲ့အတူရှိနေတာမဟုတ်ချေ ။ ပြီးခဲ့တဲ့နှစ်ကတည်းက ဆိုးလ်မှာ သူဝါသနာပါရာ စာသင်သည့်အလုပ်ကို သွားလုပ်နေသည်လေ ။
အရွယ်လည်းရောက်နေပြီမို့ သူ့ဝါသနာလေးကိုမချုပ်ခြယ်ချင်၍သာ ခွင့်ပြုခဲ့ရပေမယ့် အချိန်ဘယ်လောက်ကြာကြာထိုကလေးကို စိတ်မချနိုင်သေး ။
အခုဆိုပိုတောင်ဆိုးသေးသည် ။ ဆိုးလ်မှာဖြစ်ပျက်နေတဲ့အမှုတွေများ များလွန်းလို့ သူတို့ဌာနကိုတောင် အမှုအချို့လွှဲပေးခြင်းခံထားရသည်လေ ။
