episode 52

30.2K 1.6K 506
                                    

unicode

This episode will include mature words and scenes.If you don't like it, please skip it THANK YOU.
_ _ _ _ _ _ _ _ _ _

"အလုပ်ကိစ္စနဲ့ထွက်လာတယ်ဆိုမှပဲ ဖျားရတယ်လို့ ကိုရယ်"

ဂျွန်ယူနာက ကုတင်ပေါ်မှာကိုယ်တွေပူကာလှဲနေရသော သူ၏အမျိုးသားကို ဂရုဏာသက်စွာပြောသည်။ သူတို့ကအခု ‌‌အီဇနီးမောင်နှံနဲ့အတူ အလုပ်ကိစ္စကြောင့်ခရီးကိုရောက်နေတာဖြစ်သည်။ ဖီးလစ်က ဒီကိုရောက်မှဖျားတာဖြစ်သည် ။ ဟိုတယ်မှာတည်းရတာဖြစ်ပြီး ရောက်နေတဲ့ဒေသကလည်းနည်းနည်းခေါင်သည်ကြောင့် ဆေးခန်းကရှား၏ ။ အခုလည်းညသန်းခေါင်ယံကြီးဖြစ်နေတာမို့ ပိုဆိုးသည်။

"ယူနာဆေးသွား၀ယ်လိုက်မယ် နာရီ၀က်လောက်စောင့်ပေးနော်"

"ညဉ့်နက်နေပြီ ယူနာရဲ့"

"ယူနာတစ်ယောက်တည်းမသွားပါဘူး ဟိုတယ်က၀န်ထမ်းတစ်ယောက်ယောက်ကို အဖော်ခေါ်သွားလိုက်မယ်လေ"

"၀န်ထမ်းတွေကိုပဲခိုင်းလိုက်ပါလားကွာ"

ဖီးလစ်က သူ့အမျိုးသမီးကိုစိတ်မချ၍သာပြောနေရသည် ။ စကားကိုတောင်မနည်းအားယူပြီးပြောနေရတာ ဖြစ်၏။

"ပြောနေတာတောင်ကြာနေပြီ .. ယူနာသွား၀ယ်ရင် နာရီ၀က်တောင်ကြာမှာမဟုတ်ဘူး"

ကိုယ့်အမျိုးသမီးကလည်းတစ်ခုခုဆိုခေါင်းမာတတ်သူလေးမို့ ဖီးလစ်ခေါင်းညှိမ့်၍သာလက်ခံလိုက်သည်။ အဲဒီနောက် ယူနာလည်း အခန်းထဲကထွက်လာပြီး မသွားခင် ဘေးအခန်းကအီဇနီးမောင်နှံဆီကို အကျိုးအကြောင်းပြောခဲ့ဖို့တွေးလိုက်၏ ။

'ဂျောက်'

တံခါးလာဖွင့်သူက အီဆောဟွာ ဖြစ်သည်။ ယူနာလည်းပြုံးပြလိုက်ပြီး ..

"ဆောဟွာရေ .. ယူနာတို့အခန်းဘက်ကိုတစ်ချက်လောက်နားစွင့်ပေးပါဦးနော်"

"ဘာဖြစ်လို့လဲ ယူနာ"

"အမျိုးသားက ဖျားနေတာ .. စိတ်မရှိရင် ဆောဟွာရဲ့ အမျိုးသားကိုနှိုးပြီးတစ်ချက်တစ်ချက်သွားကြည့်ပေးခိုင်းလို့ရမလားဟင် ယူနာကဆေးသွား၀ယ်ချင်လို့"

ဆောဟွာကခဏတော့ငြိမ်သွားပြီး ပြုံးပြကာခေါင်းညှိမ့်သည်။

RODEO | KVWhere stories live. Discover now