unicode
အိပ်နေရင်း တစ်ရေးနိုးတော့ ညလယ်လောက်အချိန်ကြီးထယ်ဟျောင်းခန္ဓာကိုယ်က ချမ်းလာသလိုခံစားရသည် ။နားထဲမှာလည်းကြားနေရတာကလည်း အိမ်အပြင်ဘက်က မိုးတွေရွာနေတဲ့အသံ ။အခန်းထဲမှာမီးလည်းပိတ်ထားတာဖြစ်၍ တိတ်ဆိတ်ကာမှောင်မည်းနေရာ ထယ်ဟျောင်းစိတ်ထဲလမ်းမှာဖြစ်ခဲ့တဲ့ ကိစ္စကြီးကို ပြန်အစဖော်မိ၏ ။သူကသာအေးနေတာ ။ သူ့အပေါ်မှာ စောင်လည်းခြုံထားသလို ကုတင်အစွန်းအဖျားရောက်နေတာလည်းမဟုတ်။ ဘေးကိုကြည့်မိတော့မှ တစ်ယောက်သောသူက စောင်လည်းမခြုံထားဘဲ ကုတင်အစွန်းမှာကပ်အိပ်နေတာမြင်လိုက်ရသည်။
ထယ်ဟျောင်းကုတင်ကကျယ်တော့ အခုသူတို့နှစ်ယောက်ကြားအကွာအဝေးတစ်ခုတောင်ရှိလို့နေသည်။ မညာတမ်းဆိုရပါလျှင် ထယ်ဟျောင်းသူ့အနားတိုးသွားချင်သည်။ အဲ့လိုပဲ သူ့ကိုလည်းထယ်ဟျောင်းအနားတိုးလာစေချင်သည်။
ဒါဟာတခြားအကြောင်းအရာကြောင့်မဟုတ်ဘဲ ထယ်ဟျောင်းသရဲကြောက်လို့သာ ။
ထယ်ဟျောင်းသူ့နားကိုမသွားချင်။ သူ့ကိုသာထယ်ဟျောင်းအနားတိုးလာစေချင်သည်။ မဟုတ်လည်းဘဲ သူကုတင်ပေါ်ကပြုတ်ကျသွားနိုင်သည်မဟုတ်ပါလား။ ထို့ကြောင့် ထယ်ဟျောင်းသူ့ကိုနှိုးကြည့်ရန် သူ့လက်မောင်းဆီကိုလက်ကလေးလှမ်းမိချိန်တွင် ရုတ်တရက် သူ့ခန္ဓာကိုယ်က ဆတ်ခနဲတုန်တက်သွားသည်။
"မေမေ့!"
ထယ်ဟျောင်းတောင်လန့်သွားပြီးယောင်မိတာဖြစ်၏ ။သူဟာလည်းနိုးသွားလေပြီ ။
"ကျစ်!"
သူကနိုးနိုးချင်းကို စုပ်သပ်ပြီးသူ့မျက်လုံးတွေကို လက်ခုံတွေနဲ့ပွတ်သည်။ ထယ်ဟျောင်းနိုးနေတာကို သူသတိမထားမိသေးဘူးထင်၏ ။ သူ့ပုံစံက အခုလိုလန့်နိုးသွားတာအတွက် နေသားကျနေဟန်တူသည်။ ထို့အပြင်မျက်လုံးတွေကိုပွတ်နေတာကလည်းမျက်ရည်သုတ်နေတာနှင့်ဆင်တူသည်ဟု ထယ်ဟျောင်းပဲအတွေးမှားမိသလားမသိ ။
"ဟင်းမ်!"
သူကသက်ပြင်းချကာ ထယ်ဟျောင်းဘက်လှည့်ကြည့်လိုက်တော့မှ ထယ်ဟျောင်းနိုးနေတာကိုတွေ့သွားပုံရသည်။ သူ့မျက်ခုံးတွေတွန့်ချိုးသွားတာကို ထယ်ဟျောင်းခံစားမိလိုက်သည် ။
