Part - 7

164 33 12
                                    

(Unicode)

အလုပ်ကိုအာရုံစိုက်လို့မရအောင် တတောင်တောင်ဝင်လာတဲ့ မက်ဆေ့ခ်ျတွေကြောင့် ယွန်းဂျီမျက်မှောင်ကျုံ့မိတယ်...။ ဒီလူကြီးက တော်‌တော်တရားလွန်လာတာပဲ...။

ဘလော့ပစ်မယ်ဆိုတဲ့အတွေးနဲ့ ဖုန်းကိုကောက်ယူကြည့်လိုက်တဲ့အခါ နောက်ဆုံးပို့ထားတဲ့စာကြောင်းကို မြင်လိုက်ရတဲ့အခိုက် ယွန်းဂျီ သူမရဲ့နှုတ်ခမ်းလှလှလေးကို ဖိကိုက်ထားလိုက်မိတယ်...။

((မင်းအခုလိုပဲဆက်လုပ်နေမယ်ဆိုရင် ကုမ္မဏီကို စာရွက်စာတမ်းအတုနဲ့ ဝင်လာတဲ့အကြောင်း ‌‌ဖော်ထုတ်ပစ်မယ်))

ယွန်းဂျီက‌တော့ ခပ်မဲ့မဲ့သာပြုံးနေမိတယ်...။ ဒါက ဘယ်လိုတောင်ကောက်ကျစ်လိုက်သလဲ...။ စာရွက်စာတမ်းအတုကလည်း ယွန်းဂျီဖန်တီးခဲ့တာမဟုတ်ဘဲ သူ့ဘာသာ ယွန်းဂျီကို မျက်နှာလိုအားရလုပ်ပြီး ဖန်တီးခဲ့တာလေ...။

မင်ယွန်းဂျီဆိုတာ ကိုယ့်အားနည်းချက်ကို သူများကဖော်ထုတ်မှာကို အထိတ်တလန့်နဲ့ စောင့်နေမဲ့သူမျိုးမှမဟုတ်တာ...။ မန်နေဂျာလီဟာ တစ်ချိန်ချိန်မှာ အန္တရာယ်ရှိလာနိုင်တာကို ‌ကြိုတွက်ထားမိတာကြောင့် ထိုသူရဲ့ပျော့ကွက်ကိုရှာဖွေလာခဲ့တာ တော်တော်ပင်ခရီးပေါက်နေလေပြီ...။

ယွန်းဂျီလည်း သူမရဲ့ဖိုင်တစ်ခုထဲမှ အကြောင်းအရာတချို့ကို screenshot ရိုက်ပြီး မန်နေဂျာလီထံသို့ ပြန်ပို့ပေးလိုက်တယ်...။ ထို့အတူစာတစ်ကြောင်းကိုပါ ထပ်ပို့ပေးလိုက်သေးရဲ့...။

((အခုကြောက်ရမှာ ကျွန်မ မဟုတ်ဘူးထင်တယ်... မန်နေဂျာလီက CEO ရဲ့နောက်ကွယ်မှာ ကုမ္မဏီရဲ့လျို့ဝှက်ချက်တွေကို ရောင်းစားဖို့လုပ်နေတဲ့သက်သေ ကျွန်မဆီမှာရှိတယ်))

ထိုအခါ နောက်ထပ်ဖုန်းတွေထပ်ခေါ်လာတာကြောင့် ယွန်းဂျီလည်း မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး သူ့နံပါတ်ကို ‌ဘလော့ပစ်လိုက်တော့တယ်...။

အဲ့လိုလုပ်ဖို့မရည်ရွယ်ပေမဲ့လည်း ဒီလူကြီးက အရမ်းအာရုံနောက်စရာကောင်းတယ်မလား...။ ခုချိန်မှာ ယွန်းဂျီအနေနဲ့ CEO ကင်မ်ဆော့ဂျင်ရဲ့ အာရုံစိုက်မှုကိုရဖို့ အသည်းအသန်ကြိုးစားနေရတာကို...။ မန်နေဂျာလီက ယွန်းဂျီကို သူ့ရဲ့ email ကိုပါပေးသုံးဖူးတာကြောင့် ထိုလျို့ဝှက်ချက်ကို အမှတ်မထင်သိခွင့်ရခြင်းပင်...။

My Little Sister {Completed}Onde histórias criam vida. Descubra agora