Part - 21

119 18 7
                                    

(Unicode)

နေ့လည်ခင်းရဲ့လေပူကသူ့မျက်နှာကို ကြမ်းတမ်းစွာဖြတ်တိုက်သွားခဲ့လေတယ်...။ သို့သော်လည်း သူ့ရင်ထဲကအလွမ်းအပူက ထိုလေပူတွေထပ်ပိုပူနေတယ်လေ...။

ခြံထဲက သစ်ပင်ရိပ်အောက်မှာရှိတဲ့ ခုံတန်းမှာ ယွန်းဂီ ဝင်ထိုင်လိုက်ရင်း စိတ်တို့က ဆိုးလ်သို့ လွင့်သွားခဲ့ရတယ်...။ ဒီအချိန်ဟာ အရင်ကဆို နှစ်ယောက်အတူ မျက်နှာချင်းဆိုင်ထိုင်ရင်း နေ့လည်စာစားနေကြအချိန်ဖြစ်လေတယ်...။

အခုတော့ အမှတ်တရတွေသာ အတွေးထဲမှာကျန်ရစ်ပြီး နှလုံးသားကတော့အလွမ်းတွေနဲ့နွမ်းလျနေခဲ့တယ်...။

" နေမကောင်းဘူးလား သား..."

အတွေးတွေနဲ့မျောလွင့်နေတာကြောင့် အမေအနားကိုရောက်လာတာတောင် ယွန်းဂီ သတိမထားမိလိုက်ပေ...။ အမေက သူ့ဘေးကနေရာမှာဝင်ထိုင်ပြီး သူ့ကိုစိတ်ပူစွာနဲ့မေးလေတယ်...။

" ကောင်းပါတယ် ‌အမေ.... ဘာဖြစ်လို့လဲ..."

" ဘာမှမဖြစ်ပါဘူးကွယ်... ဆိုးလ်ကပြန်လာကတည်းက သားမျက်နှာသိပ်မလန်းလို့...."

သူ့ရဲ့ထိန်းမရနိုင်တဲ့အလွမ်းတွေက မျက်နှာပေါ်မှာလာပေါ်နေတာကို အမေကတောင် သတိထားမိနေပြီဖြစ်လေတယ်...။

" ပြန်လာရတော့လည်း ဂျီလေးကို စိတ်မချဖြစ်ပြီး သတိရမိနေလို့ပါ...."

မုသားတစ်ဝက်ရောသည့် အဖြေစကားဖြင့် အမေကိုပြန်ပြောလိုက်မိတယ်...။

" အမေလည်း သတိရတာပေါ့ကွယ်... ဒီတစ်ခါပိတ်ရက်ကျရင်တော့ အိမ်ပြန်လာဖို့ပြောရဦးမယ်...."

ဆိုးလ်ရောက်ပြီးကတည်းက ယွန်းဂျီ အိမ်ကိုပြန်လာသည့် အခေါက်ရေက လက်ချိုးရေတွက်လို့ရလေတယ်...။

" ဟုတ်ကဲ့ ဒီတစ်ခေါက် ဂျီ‌လေးဖုန်းဆက်ရင် သားပြောလိုက်ပါမယ်..."

" အင်း... အပြင်မှာအရမ်းပူတာပဲ အမေအိမ်ထဲဝင်တော့မယ်... သားလည်းဝင်လာတော့...."

" ဟုတ်ကဲ့ အမေ...."

အမေအနားက ထထွက်သွားပေမယ့်လည်း ယွန်းဂီကတော့ ထိုင်နေရာကနေမထနိုင်သေးပဲ ရှိနေခဲ့တယ်...။ သူ့ကိုယ်သူလည်းသတိထားမိလေတယ်...။ ဒီရက်ပိုင်း အလုပ်တွေကို စက်ရုပ်တစ်ရုပ်လိုလုပ်နေပေမယ့် တက်ကြွလန်းဆန်းမှုမရှိတာကိုလေ....။

My Little Sister {Completed}Where stories live. Discover now