Part - 16

132 24 1
                                    

(Unicode)

" ဒီမှာ ဒီလရဲ့လချုပ်စာရင်းပါ သူဌေး..."

" အင်း တင်ထားခဲ့လိုက်လေ...."

သူ့ကို ဦးညွှတ်ပြပြီး ရုံးခန်းထဲကထွက်သွားတဲ့ ယွန်းဂီကိုကြည့်ပြီး ဆော့ဂျင် သက်ပြင်းချလိုက်မိတယ်....။ မနေ့ကဖြစ်ခဲ့တဲ့ကိစ္စအတွက် ယွန်းဂီက ဘာမှမပြောတာကြောင့် ဆော့ဂျင်လည်း ဘာမှထပ်မပြောဖြစ်တော့ပေ...။ ဆော့ဂျင်ပြောလိုက်တော့မှ ယွန်းဂီ စိတ်ဆိုးသွားမှာကို စိုး‌ရိမ်နေမိတယ်....။

ယွန်းဂီ ကဒီနေ့အလုပ်စရောက်ချိန်ကတည်းက သူ့ကိုစကားဟက်ဟက်ပက်ပက်မပြောတာကြောင့် ဆော့ဂျင် အနေရခက်နေလေတယ်...။ ယွန်းဂီက မသိချင်ယောင်ဆောင်နေတာကြောင့် ဆော့ဂျင်ပါ မသိချင်ယောင်ဆောင်နေရတယ်...။ မနေ့ကကိစ္စဟာ မရည်ရွယ်ပဲဖြစ်သွားပေမယ့် သူ ယွန်းဂီကို ဘယ်လိုသဘောကျကြောင်းကို ပြောချင်မိတယ်....။

အခုတော့ ယွန်းဂီရဲ့အပြုအမူအရ သူ့ကိုလက်မခံနိုင်ဘူးဆိုတာ ဆော့ဂျင် သိလိုက်ရပြီဖြစ်တယ်....။ ဒါကြောင့်လည်း ဘာကိုမှစကားမစတော့ပဲ ခံစားချက်တွေကိုပါ ထိန်းသိမ်းထားလိုက်တော့မယ်လို့ ဆော့ဂျင် တွေးထားလိုက်တယ်....။

ယွန်းဂီက သူ့ရဲ့ပထမဆုံးသဘောကျရတဲ့သူဖြစ်တာကြောင့် ဆော့ဂျင် စိတ်မကောင်းတော့ဖြစ်ရတာအမှန်ပင်....။ ဆော့ဂျင်အနားမှာ လိုချင်တဲ့မိန်းမလှတွေအများကြီးရှိနေသော်လည်း တစ်ယောက်ကိုမှရင်ခုန်ခဲ့ပဲ ယွန်းဂီကိုမှ ရင်ခုန်ခဲ့မိလေတယ်....။

အခုတော့ ဆော့ဂျင်ရဲ့ပထမဆုံးသော ရင်ခုန်သံလေးဟာ ရပ်တန့်ရတော့မည်ဖြစ်လေတယ်....။ ဆော့ဂျင် အနေနဲ့ အတင်းအကြပ်လည်းမလုပ်ယူချင်ပေ....။ အတင်းအကြပ်လုပ်ယူကာမှ ယွန်းဂီ စိတ်ဆိုးပြီး မုန်းသွားမှာကို ဆော့ဂျင် စိုးရိမ်မိလေတယ်....။

~•~•~•~•~•~•~•~•~•~•~•~

ကိုယ့်အခန်းထဲကိုယ်ပြန်ရောက်တော့ ယွန်းဂီ ခုံမှာအမြန်ဝင်ထိုင်လိုက်ပြီး ရင်ဘတ်ကိုလက်နဲ့ဖိထားမိလိုက်တယ်....။ သူဌေးအနားရောက်တာနဲ့ မနေ့ညက အဖြစ်အပျက်‌တွေကို ပြန်မြင်ယောက်ပြီး ရင်ခုန်လာရတာကြောင့် သူဌေးရဲ့ရုံးခန်းထဲက အမြန်ပင်ပြေးထွက်လာရတယ်....။

My Little Sister {Completed}Where stories live. Discover now