👨💼 ချစ်ရပါသော ရှေ့နေလေး👨💼Chapter ~ 34
5 Months Later~~~
ဒီအချိန် 5 လအတွင်း Mine က သူကိုလုပ်ကြံတဲ့သူကို သိသားနဲ့ တမင်မသိတဲ့အတိုင်းထားကာ သူမအမှုနဲ့ပက်သက်တာကိုပဲအာရုံစိုက်ခဲ့သည်။ဆေးရုံမှာရဖြစ်တဲ့လူသေမူနဲ့ပက်သက်ပြီး အမှုသစ်ပြန်စတဲ့အခါ Oliver အပါအဝင် ဆေးရုံတစ်ခုလုံးမှာရှိတဲ့ ဝန်ထမ်းတွေကိုပါ သူမအပေါ်မတရားစွပ်စွဲပြီး ကိုယ်ထိလက်ရောက်လုပ်တဲ့ cctv သက်သေကို Mine ကတင်ပြခဲ့တာကြောင့် အမှုတစ်ပတ်ရင်ဆိုင်တိုင်း ဆေးရုံကဝန်ထမ်းတွေနဲ့ oliver ရုံးချိန်းကိုလာရသည်။
သူ နဲ့ Lucas ဒီအမှုကိုအတူတူဖြေရှင်းနေတာ အခု 5 လနီးပါကြာလာပင်မဲ့ တရားခံကပေါ်မှာလာသေးတာကြောင့်တွေးရခက်နေသည်။အခုလည်း သူမကအိပ်နေပြီး သူကအမှာကြောင့်တွေရင်း ကုတင်ပေါ်မှာခေါင်းအုံးကိုမှီပြီထိုင်နေသည်။
"ဒီအမှုက သတ်တဲ့လူက တစ်ခြားတစ်ယောက်ဆိုရင်တောင် ခိုင်းစေတဲ့သူက Oliver ဆိုတာသေချာပြီ"
အမှုရင်ဆိုင်ရင်း ရလာတဲ့သက်သေတွေနဲ့ ဆေးရုံကဝန်ထမ်းတွေပြောလာတဲ့စကားအရဒီအမှုကသေချာပေါက် Oliver ကိုညွှန်နေတာ။Oliver ကရောသူမနဲ့ဘာရန်ငြိုးရှိလို့လုပ်ရမည်လဲ ။သူစဥ်းစားရင်ဘာကြောင့်လုပ်ရတယ်ဆိုတဲ့အချက်ကိုတွေးမိသွားရသည်။
"Jack ကိုဒုက္ခပေးလို့ မကျေနပ်တာလား....ဟွန်း ဒါတောင် သားလို့လာခေါ်နေတာ တကယ်ကိုစိတ်ပျက်စရာ!"
Mine နှုတ်ကနေအသံတိတ်ရွတ်လိုက်ပင်မဲ့ စကားသံက စိတ်ထဲခံစားမူကပြင်းတာမို့ အသံပါထွက်သွားရသည်။သူစကားသံကနည်းနည်းမြင့်သွားတော့ သူဘေးနားအိပ်နေတဲ့သူမက အနည်းငယ်လှုပ်လာတာကြောင့် သူကိုကျောပေးအိပ်နေတဲ့သူမကျောပြင်လေးကို ပုတ်ပေးလိုက်တော့ပြန်ငြိမ်ကျသွားသည်။
သူငြိမ်ကျသွားတဲ့သူမရဲ့မျက်နာလေးပေါ်ကျနေတဲ့အရှေ့ဆံပင်လေးကို ဖယ်ပေးပြီး နာဖူးလေးကို ငုံနမ်းရင်း သူရဲ့အမှုနဲ့ပက်သက်တဲ့အတွေးတွေကိုဖျောက်ကာ သူမအနောက်မှာ သူမရဲ့ကျောပြင်လေးကို မျက်နာမူလျက်လှဲလိုက်ပြီး သူမခါးလေးကိုဖက်က အိပ်ပျော်အောင်အိပ်လိုက်သည်.......။
![](https://img.wattpad.com/cover/335833881-288-k164716.jpg)
أنت تقرأ
🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤
العاطفية"ကိုယ့်အတွက်အချစ်ဆိုတာ စာဖွဲ့စရာမလိုတဲ့ရိုးရိုလေးပါပဲ ဆောင်းဦးလွင်တဲ့" Start Date.... 9.5.2023 End Date....24.10.2023 🚫Mine တို့ကို တစ်ခြား acc နဲ့ page တွေမှာကူးယူပြီး တင်ခွင့်မပြုပါ🚫