Chapter 1.1

1.9K 185 10
                                    

ချင်းယွမ်တက္ကသိုလ် ယွင်ချန်းမြို့။

နေ့လည်၁၁နာရီထိုးလာတော့ နောက်ဆုံးအတန်းချိန်အတွက် အဆောက်အအုံထဲကကျောင်းခေါင်းလောင်းကမြည်လာလေသည်။ ကန်တင်းမှာ လူက ဟိုတစ်စု ဒီတစ်စုလောက်ပဲရှိသေးသည်။

ရှုးချောင်ယွီ သူ့ရဲ့နေ့လည်စာဗန်းကို ကိုင်ထားလိုက်ပြီးတော့ ကောင်တာကနေလှည့်လာလိုက်ကာသူ့ထိုင်ခုံဆီကိုလျှောက်လာ၏။ခပ်လှမ်းလှမ်းက ဘယ်ဘက်မှာထိုင်နေတဲ့ ဌာနတူတဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုမြင်လိုက်တော့ ငယ်ရွယ်ပြီး ယဉ်ကျေးသိမ်မွေ့တဲ့ ဆရာရှုးချောင်ယွီက သဘာဝကျကျပဲ အနားကနေဖြတ်သွားလိုက်ကာ အပြုံးလေးနဲ့နှုတ်ဆက်လိုက်သည်။

" မင်္ဂလာနေ့လည်ခင်းပါ "

" ဆရာရှုး ဒီကိုလာပြီးတူတူလာထိုင်လိုက်လေ "

ပရော်ဖက်ဆာက စကားပြောနေရာကနေ စကားစဖြတ်လိုက်ပြီး သူ့ကိုစိတ်အားထက်သန်စွာနဲ့လာထိုင်ဖို့ဖိတ်ခေါ်လိုက်လေသည်။
ရှုးချောင်ယွီက ယဉ်ကျေးမှုမရှိတဲ့သူမျိုးမဟုတ်တဲ့အတွက် အမျိုးသမီးပရော်ဖက်ဆာဘေးမှာပဲ အပြုံးလေးနဲ့ဝင်ထိုင်လိုက်ပြီးတော့ စီနီယာတွေဘယ်အကြောင်းအရာကိုဆွေးနွေးနေကြလဲဆိုတာကို အာရုံစိုက်ပြီးနားထောင်နေ၏။

ခဏတော့ သူက သူ့မျက်နှာချင်းဆိုင်ကတစ်ယောက်ရဲ့သက်ပြင်းချသံကိုကြားရလိုက်ရသည်။

" ကျုပ်တို့ ဘာအကြောင်းကိုပြောနေကြတာလဲ အာ ဟုတ်သား သူတို့နှစ်ယောက်က အချင်းချင်းစကားပြောရပြေကြတော့ အပြင်မှာတွေ့ဖို့ သွားလိုက်တာ တစ်ဖက်က မျက်နှာကိုပြဖို့ သဘောတူခဲ့ပေမဲ့ အဆုံးထိ သူ့မျက်နှာကို မပြသွားခဲ့ဘူးလေ Omega ဘက်ကစိတ်ဆိုးတော့တာပေါ့ သူတို့ကို မိတ်ဆက်ပေးခဲ့တဲ့လူတွေကို ခေါ်တွေ့ပြီး ကြိမ်းမောင်းတော့တာပဲ "

ရှုးချောင်ယွီ : "......"

အိုကေ သူအများကြီးတွေးမိသွားတာပဲ တကယ်က ပရော်ဖက်ဆာကလေးတွေ blind date သွားတွေ့တာမှာ ပြသနာဖြစ်ခဲ့တဲ့အကြောင်းကိုပြောနေကတာ။အခုရက်ပိုင်း သူ့အနားမှာ ဒီအကြောင်းအရာက ခဏခဏပေါ်လာနေတာပဲ။

I'm not My Husband Ideal TypeWhere stories live. Discover now