Chapter 4.2

771 130 6
                                    

“?”

ချင်ကျစ်ရှစ် ခဏလောက် သူ့ကိုယ်သူထိတ်လန့်မှုကနေ ပြန်နှိုးလိုက်ရပြီး ပြန်လှည့်ကြည့်လာလေသည်။
.
သူစားပွဲပေါ်က ဖိုင်ကိုလိုက်ပြီး အထဲက ဆေးစစ်ချက်စာရွက်ကို မယုံကြည်နိုင်စွာနဲ့ အရှေ့အနောက် ထပ်ခါထပ်ခါဖတ်နေမိ၏။ စာရွပ်အောက်ခြေက ဆေးရုံရဲ့ တရားဝင်တံဆိပ်ကိုပါ အမှန်ဟုတ်မဟုတ် ခဏခဏစိုက်ကြည့်နေမိသည်။

95% ဆိုပြီး အနီရောင်စာလုံးထင်းထင်းကြီးက စာရွက်အလည်မှာနေရာယူထားတာက သူ့ကိုယ်သူ မျက်လုံးကန်းချင်ယောင်ဆောင်ရင်တောင်မှ မမြင်အောင်နေဖို့ဆိုတာမဖြစ်နိုင်ပေ။

ချင်ကျစ်တကယ်ကို စိတ်ရှုပ်ထွေးနေ၏။

ဒီလူ့အဖွဲ့အစည်းရဲ့ AO လက်ထပ်မှုစနစ်က နှစ်ယောက်အပြန်အလှန်ချစ်ကြတာကို အလေးပေးထားတာမှန်ပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေရဲ့ လိုအပ်ချက်တွေကြောင့် ဆေးပညာအဆိုအရ နှစ်ယောက်ကြားက လိုက်ဖက်မှုနှုန်းက ၆၀ ရာခိုင်နှုန်းအထက်ရှိမှ လက်ထပ်သင့်တယ်လို့ အကြံပြုထားလေသည်။ နှစ်ယောက်သားလိုက်ဖက်မှုနှုန်းမြင့်လေ Alpha နဲ့ Omega ကြားက လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုနှုန်းကလည်းမြင့်လေဖြစ်ပြီး အမှတ်အသားပြုတဲ့အခါမှာလည်း သာယာမှုကို ပိုပြီးခံစားနိုင်မှာဖြစ်ပေသည်။ Omega ကလေးမွေးတဲ့အချိန်မှာလည်း လိုက်ဖက်မှုနှုန်းမြင့်တဲ့ Alpha ရဲ့ pheromone တွေက နာကျင်မှုကိုလည်း အတော်လေးလျော့ပါးစေလိမ့်မည်။

ပိုပြီးအရေးကြီးတာက လိုက်ဖက်မှုနုန်းမြင့်တာက အိမ်ထောင်ဖက်တွေကြားမှာ အာမခံချက်ရှိတဲ့သဟဇာတဖြစ်မှုကို ဆောင်ကြဉ်းပေးနိုင်၏။ ခိုင်မာတဲ့ ယုံကြည်မှု နားလည်မှုတွေနဲ့ တာဝန်သိတတ်တာတွေက အိမ်ထောင်တစ်ခုမှာ အရေးကြီးသည်ပင်။ နှစ်ယောက်ကြား လိုက်ဖက်ညီမှုနည်းတာတွေကြောင့် မရေတွက်နိုင်တဲ့ လူမှုရေးနဲ့ ကျင့်ဝတ်ဆိုင်ရာ သတင်းတွေက နှစ်စဉ်ထွက်ပေါ်လျက်ရှိသည်။ အဲ့တာကြောင့် ယခုခေတ်လူငယ်တွေက အိမ်ထောင်ဖက်ရွေးရင် ပိုပြီး လိုက်ဖက်ညီမှုနှုန်းအပေါ် အာရုံပိုစိုက်လေ့ရှိကြသည်။

I'm not My Husband Ideal TypeWhere stories live. Discover now