Chapter 3.1

773 144 7
                                    


ရဲကားက ဝီးရော်ဝီးရော် ဆိုပြီး မောင်းထွက်သွားတဲ့အခါကျမှ ချင်ကျစ်ရှစ် ရှုးချောင်ယွီနဲ့စကားပြောဖို့ လမ်းစရှာနေမိသည်။

ချီးမွမ်းတဲ့စကားတွေကိုပြောပြီးတဲ့နောက် ချင်ကျစ်ရှစ်က အဓိကအချက်ကို မေးကြည့်လိုက်လေသည်။ " အရင်က ကိုယ်ခံပညာ လေ့ကျင့်ထားဖူးတာလား စီနီယာ "

“ ဟုတ်တယ် ကိုယ်အရင်က ကိုယ်ခံပညာနည်းနညိးသင်ဖူးတယ် ” ရှုးချောင်ယွီကိုကြည့်ရတာအနည်းငယ်ရှက်နေသလိုပင်။ 

“ ကိုယ့်မိဘတွေက Omega တွေလည်းကိုယ့်ကိုယ်ဘယ်လိုကာကွယ်ရလဲဆိုတာ သိထားသင့်တယ်လို့ ပြောကြလို့လေ ”

“…”

နတ်ဘုရားရှုးရဲ့“ အနည်းငယ် ” ဆိုတာကို ဖွင့်ဆိုတာက ထင်ထားသလိုပဲဟ !

ရန်သူကို ၃စက္ကန့်နဲ့ အမှောက်သိပ်လိုက်တာကိုတွေးပြီး ချင်ကျစ်ရှစ် တစ်ယောက်ရှော့ရနေတာကနေ သူ့ကိုယ်သူမကယ်တင်နိုင်သေးတာကြောင့် သူ့ကိုပြန်ကြည့်လာတဲ့အကြည့်က ဖော်ပြလို့တောင်မရနိုင်ပေ။

ဒါပေမဲ့ ရှုးချောင်ယွီကတော့ သူ့ကိုအထင်လွဲသွားလေသည်။ သူ့ကို ဆွဲဆောင်မှုမရှိလိုိ့လှောင်နေတာလို့ ထင်သွားခြင်းပင်။ သူခိုးတောင်မှ သူ့ကို အထင်သေးသွားသေးတာမလား။

လှပတဲ့ omega လေးက ဝမ်းနည်းစွာနဲ့ခေါင်းကိုပြန်ငုံ့ထားလိုက်မိသည်။

ညစာစားနေတုန်းက ကြည့်ကောင်းတယ်လို့သူမချီးကျူးခဲ့လို့လား။ လုံလောက်ပါပြီ အဲ့တာက ဒီအတိုင်းယဉ်ကျေးမှုအရပြောရုံတင်ပဲလေ။

ချင်ကျစ်ရှစ်မှာ သူ့ရဲ့ ဝမ်းနည်းနေတဲ့ blind date ကပါတနာကို နှစ်သိမ့်ဖို့ အချိန်မရှိနေဘူး။ သူ့ခေါင်းထဲမှာ အခုရှိနေတဲ့တစ်ခုတည်းသောအတွေးက :

ကြောက်ဖို့ကောင်းလွန်းတယ်။ !
ကိုယ်ခံပညာတတ်တဲ့ omega တစ်ယောက် !
၃စက္ကန့်နဲ့ မင်းကို အမှောက်သိပ်ပစ်နိုင်တဲ့ omega တစ်ယောက် !
ဘယ်လိုပဲနေနေ ဒီတွေ့ဆုံမှုပြီးသွားတာနဲ့ သူလုံးဝကို ဒီဆက်ဆံရေးကြီးကို ဆက်ပြီးမထားချင်နေတော့ဘူး !

                                ***

ချင်ကျစ်ရှစ်တစ်ယောက် ရှုးချောင်ယွီဆီကနေ အရိုက်ခံရပါ့မလားဆိုတာမသေချာသေးပေမဲ့ သူ့အတွေးတွေကို အမှန်တကယ်ကြီး ထောင်နျဉ်ရုန်ကို ပြောလိုက်တဲ့အခါမှာတော့ သူတကယ်ကို သူ့အမေဆီကနေချက်ချင်းအရိုက်ခံလိုက်ရလေသည်။

I'm not My Husband Ideal TypeWhere stories live. Discover now