Description💓💓

23 4 2
                                    

Unicode
        နာနာ့ဆိုတဲ့ ကောင်မလေးက အင်မတန် ချစ်စရာကောင်းပြီး အင်မတန်လှပတဲ့ ပြာလဲ့လဲ့မျက်ဝန်းနဲ့မိန်းကလေးအဖြစ် အတန်းထဲမှာနာမည်ကြီးလေတယ်။ အဲ့ဒီလှပတဲ့မျက်ဝန်းမှာ လူတိုင်းမသိကြတဲ့ အားနည်းချက်တစ်ခုရှိတယ်။ ဒါက လူတိုင်းရဲ့မျက်နှာသွင်ပြင်ကို 1000°အနီးမှုန်အဝေးမှုံသလို ဝေဝေဝါးဝါးပဲ မြင်နိုင်တာပဲ။ face blindလိုဘဲခေါ်ရလေမလား??.
   တစ်နေ့မှာ ကျောင်းသားတချို့ လျှို့ဝှုက်ထူးဆန်းပြီးအန္တရာယ်ရှိတဲ့ လိုအင်ဆန္ဒ ကွန်ရက်ထဲ ဆွဲထည့်ခံရကာ သရဲအခြောက်ခံရတော့တယ်။

ကျောင်းသားများ -"အတန်းဖော် ,အဲ့ဒီကိုမသွားနဲ့ !,ရက်စက်တဲ့သရဲမရှိတယ်!"

နာနာ့ -"ဟင် ,ဘယ်မှာလဲ?"

သရဲမ -"ငါ့ကိုကြည့်စမ်း !,ငါ့မျက်လုံးတွေကိုသေချာကြည့်စမ်း!"

နာနာ့ -"ဟင် ,နင့်မျက်လုံးကဘယ်မှာလဲ"

  {အချိန်ကြာမြှင့်လာသောအခါ သရဲများအစည်းအဝေး}

သရဲများ -"ငါတို့သူမရဲ့ မစ်ရှင်တာဝန်တွေကို မြန်မြန်ပြီးအောင် လုပ်ပေးပြီး သူမရဲ့ဆန္ဒတွေပြည့်ဝသွားအောင် ကူညီပေးလိုက်မယ်။  သူမရဲ့မျက်လုံးတွေပုံမှန်ဖြစ်လာမှဘဲ, ငါတို့သူမကိုအသေခြောက်ပစ်ပြီး ဂလဲ့စားပြန်ချေကြမယ်"

    {နာနာ့မျက်လုံးများ ကြင်လင်ကာပြန်ကောင်းသွားချိန်}

သရဲမ -"ငါ့ကိုကြည့်စမ်း!, ငါ့မျက်လုံးကိုကြည့်စမ်း !,ငါ့ကိုယ်ပေါ်ကသွေးတွေကိုကြည့်စမ်း!"

နာနာ့ -"နင့်ခန္ဓာကိုယ်က အနံ့ထွက်နေပြီ ,နင်ရေချိုးသင့်တယ်, နင်သရဲဖြစ်နေရင်တောင်တစ်ကိုယ်ရေသန့်ရှင်းရေးလေးတော့ရှိသင့်တယ်လေ, ငါနင့်ကို ရေချိုးဆပ်ပြာတစ်ချို့ ရီဗျူးပေးနိုင်ပါတယ်, အာနိသင်ကောင်းသလို စျေးနှုန်းလည်းသက်သာတယ်, တစ်ခါတလေ ဒစ်စကောင့်ပါရနိုင်သေးတယ်"

သရဲမ-"ဝူးးးးးဝူးးးးး"(ငိုကြွေးပြီး ထွက်ပြေး)

    {မကြာခင် သရဲများအစည်းအဝေး}

သရဲများ-"ငါတို့တွေ သူမကိုခြောက်လန့်နိုင်တဲ့ အစွမ်းအစမရှိဘူး, ငါတို့တွေရဲ့ boss တွေကိုပဲ အပ်ထားရအောင်, bossက သူမကို အသေသတ်လိမ့်မယ်"

နတ်ဆိုးကြီးတွေ ငါလေးကို ဝိုင်းလုချင်နေကြတယ်Where stories live. Discover now