Part(2)Arc-1(ဂီတအခန်းထဲက ပီယာနိုသံ)👻👻

5 3 0
                                    

    အစ်ကိုဖြစ်သူရဲ့စကားကို နှလုံးသွင်း ရှုမှတ်ကာ စာသင်ချိန်တစ်ရေးအိပ်ပျော်သွားတဲ့နာနာ့မှာ လေစိမ်းတိုက်ခတ်မှုကြောင့် မူးနှောက်နှောက်နဲ့ နိုးလာခဲ့သည်။ ပါးဖောင်းဖောင်းလေး၂ဖက်မှာလည်း မက်မွန်သီးလိုနီရဲနေကာ မျက်ရည်အနည်းငယ်ဝေ့သီးနေတဲ့ ပြာလဲ့လဲ့မျက်ဝန်းမှာလည်း အမှောင်ထုထဲ တစ်ဖျက်ဖျက်တောက်နေ၏။

      အမ်..မှောင်နေတယ်။ဘယ်လိုဖြစ်ကုန်တာလဲ??? အဲ့လောက်တောင် အိပ်မိခဲ့တာလား????ဘာလို့သူမကို တစ်ယောက်မှမခေါ်နိုးကြတာလဲ??သူမရဲ့ မာတာအစ်ကိုကြီးကရော သူမကိုမေ့သွားတာတဲ့လား??....မဖြစ်နိုင်တာ

    ကိုယ့်ကိုယ်ကိုဆွဲဆိတ်ကြည့်တော့လည်း မျက်ရည်ကျရုံသာ အဖတ်တင်သည်မို့ ဒါတွေကအိမ်မက်မဟုတ်မှန်း သိသာလေသည်။ တိတ်ဆိတ်ခြောက်ကပ်နေတဲ့ စာသင်ခန်းမှာ လအလင်းရောင်ကြောင့် မှုံမှုံဝါးဝါးမြင်နေရပုံမှာ အနည်းငယ်ခြောက်ချားသယောင်။ အချိန်ကိုသိနိုင်ရန်နှင့် အိမ်ကိုဖုန်းခေါ်ရန် ဖုန်းလှမ်းကိုင်မိရုံပဲရှိသေး အခန်းတံခါးမှတဆင့် ဖြတ်ဝင်လာတဲ့ ဓါတ်မီးအလင်းရောင်ကြောင့် အားရဝမ်းသာနဲ့သူမအသံကိုမြှင့်တင်လိုက်သည်။

"ဒီမှာ !ဒီမှာ! ဦးလေး ,သမီးဒီမှာ!, သမီးကျန်သေးတယ်"

    တဖက်သူကို သေချာမကြည့်တော့ဘဲ ဖုန်းကိုကျောပိုးအိတ်ထဲထည့်ကာ မီးအလင်းရှိရာအမြန်ပြေးလာခဲ့သည်။ ကြက်အမေအိုကြီးကို ပြန်တွေ့သော ကြက်ပေါက်စလေး အလား။

မီးကျွမ်းသေဆုံးသွားပြီဖြစ်သော ကျောင်းစောင့်ဦးလေးကြီး - " !!! " " ????" <<ငါ့စာသားတွေကိုမလုနဲ့လေ>>

      သေဆုံးသွားပြီဖြစ်တဲ့ သူ့လိုကျောင်းစောင့်တစ်ယောက်အနေနဲ့ လူသားတွေကိုတွေ့ရင်"ဒီမှာ ဘာလုပ်နေတာလဲ ?,အိမ်မပြန်သေးဘူးလား ?ငါပြန်လိုက်ပို့ပေးရမလား?"အစရှိတဲ့ စကားတွေနဲ့ တဖက်လူလိပ်ပြာလွှင့်သွားအောင် ခြောက်လန့်ရမှာ သူ့တာဝန်ပဲမလား။ အခုလိုအရင် အခေါ်ခံရပြီး အဆွဲထားခံရမယ်လို့ မထင်ထားခဲ့ဘူး။

   နာနာ့အနေနဲ့လည်း မွေးရာပါအားနည်းချက်ဖြစ်တဲ့ မျက်နှာအစိတ်အပိုင်းတိတိကျကျမမြင်နိုင်ခြင်းရောဂါကြောင့် အလင်းရောင်မြင်လိုက်တာနဲ့ တန်းခေါ်လိုက်ခြင်းပင်။ ပြီးရင် ကျောင်းတိုင်းမှာ ကျောင်းစောင့်ရှိတာ သဘာဝပဲမလား။ သူမရဲ့မျက်နှာမမြင်ရတဲ့ရောဂါက သရဲဆိုရင်တောင် ခြွင်းချက်မရှိပေ။ ကျိန်းသေပေါက် မြင်နိုင်မှာမဟုတ်။

နတ်ဆိုးကြီးတွေ ငါလေးကို ဝိုင်းလုချင်နေကြတယ်Kde žijí příběhy. Začni objevovat