Part(1)💝💝

10 4 1
                                    

Unicode
    နွေရာသီကျောင်းပိတ်ရက်ကို ဖြတ်သန်းကြအပြီး ကျောင်းပြန်တက်ရမယ့်အချိန် ကျောင်းသူကျောင်းသားအများစုက ပထမဆုံးနေ့ကျောင်းတက်ရက်အတွက် စိတ်လှုပ်ရှားနေကြသည်။ ဒါပေါ့ ကျက်ရမယ့်စာတွေကို ခဏဘေးဖယ်ထားရင်ပေါ့။

"နာနာ့ ,ငါ့ကိုစောင့်ဦး"

ထိုအသံကြောင့် ပြေးထွက်လာသော အညိုရောင်ဆံပင်အခွေကို ၂ဖက်မြှင့်မြှင့်စည်းထားကာ ပြာလဲ့လဲ့မျက်ဝန်းနဲ့ချစ်စရာကောင်းသော ၁၆နှစ်အရွယ်ကျောင်းသူလေးမှာ နှုတ်ခမ်းစူကာ မကျေမနပ်နှင့် အနောက်ဘက်သို့ လှည့်ကြည့်လာလေ၏။ ပေါက်စီလုံးသဖွယ် ပါးဖောင်းဖောင်းလေး၂ဖက်မှ ပန်းရောင်တိမ်စိုင်လေး၂ခုမှာ မကျေနပ်မှုကြောင့် အထင်းသားပေါ်လွင်နေ၏။

"ကိုကြီးက အရမ်းနှေးတာပဲ"

နာနာ့ရဲ့စကားကြောင့် အရပ်ရှည်ပြီးရုပ်ချောမောတဲ့၁၈နှစ်အရွယ်ကောင်လေးမှာသူမနဖူးကို လက်နှင့်လှမ်းတောက်လိုက်ရင်း

"ဘာကိုနှေးရမှာလဲ, ကျောင်းတက်ချိန်က၉နာရီမှလေ ,အခုအချိန်ကိုလည်းပြန်ကြည့်ဦး ,မိုးလင်းခါနီး၆နာရီတောင်မထိုးသေးဘူး ,ဒီမနက်ငါ့ကိုလည်း၃နာရီထိုးမှာလာခေါ်နိုးတယ်, ပြီးတော့ နင့်ထမင်းဗူးထဲက ထမင်းတွေဟင်းတွေကိုဘယ်သူချက်ပေးခဲ့ရတာလဲ?, ပြီးတော့ နင့်လက်ထဲက ကိတ်မုန့်နဲ့ကြက်ဥပူတင်းတွေကို ဘယ်သူက လုပ်ပေးခဲ့ရတာလဲဆိုတာပြန်တွေးကြည့်ပါဦး ,ငါ့ကိုနှေးတယ်လို့ပြောရက်တယ်နော် ,အခုအချိန်ကျောင်းရောက်ရင်တောင် ဂိတ်မှူးက နင့်ကိုကျောင်းတံခါးဖွင့်ပေးဦးမှာမဟုတ်သေးဘူး, အစောကြီးရှိသေးတယ်"

နာနာ့လည်း ထိုစကားကြောင့် အပြစ်ရှိသလိုလေးနဲ့ မျက်နှာတစ်ဖက်လှည့်ကာအသံသေးသေးလေးပေးလာ၏။

"အွမ်"

အစ်ကိုတစ်ယောက်ဖြစ်သော ဝါစင်္ဂလည်းမနက်ကကိစ္စတွေအတွက် သူမကို ဆက်မဆူပူတော့ပေ။ ညတုန်းကလည်းစောစောမအိပ်ရ မနက်ကျတော့လည်းအစောကြီးအိပ်ယာထရနဲ့ မျက်လုံးအောက်က အမဲရောင်ပန်ဒါမျက်ကွင်းကိုသာ လက်နှင့်တစ်ချပ်မျှပွတ်လိုက်၏။

နတ်ဆိုးကြီးတွေ ငါလေးကို ဝိုင်းလုချင်နေကြတယ်Where stories live. Discover now