Part -(3)👻👻👻

8 3 0
                                    

Unicode

သင်ကျောင်းတက်နေရင်း တစ်ရေးလောက်အိပ်ပျော်မိချိန် စာသင်ခန်းထဲတစ်ယောက်တည်း နိုးလာမည့်သင့်အဖြစ်ကိုတွေးကြည့်ပါ။ အထူးသဖြင့် မိုးချုပ်ပြီး အနည်းငယ် ခြောက်ချားဖို့ကောင်းနေတဲ့နေရာတစ်ခုဆိုရင်မှာပေါ့။ နာနာ့အတွက်ခြောက်ချားမှုဆိုတာအနည်းငယ်ပါပဲ။ ဒါကသူမရဲ့ ထူးခြားချက်လို့ ဆိုရပေမလား။

လက်ရှိအခြေအနေမှာတော့ နာနာ့ရင်ထဲထိမိသွားစေသောကိစ္စနဲ့ကြုံတွေနေရသည်။ မိုးချုပ်နေပြီ၊ ဒါတောင်သူမအရှေ့က ဒီအသင်းဖော်တွေက သူမကိုစောင့်နေတုန်းပဲဆိုတာ မထင်ထားဘူး။ သူတို့ရဲ့ လက်ကိုဆွဲပြီး အိမ်ပြန်ဖို့ မစောင့်နိုင်တော့လောက်အောင်ပဲ။တစ်ဖက်ကသရဲမီးလုံးကြောင့်ထိန်လန့်နေခဲ့ရသူတွေကလည်း အနီးကပ်ရောက်လာတဲ့သရဲမ.......အဲ့...ချစ်စဖွယ်ကောင်မလေးကြောင့်ရင်ထဲက ကြောက်လန့်စိတ်များ၉၉%လောက်လျော့ကျသွားသည်။ ကျန်တဲ့၁%ကသူမရဲ့ မျက်လုံးပြာပြာလေးကြောင့်ပင်။ ဒါပေမယ့် ခုခေတ်လူငယ်တွေတိုင်းလိုလိုက မျက်ကပ်မှန်တပ်ရတာ ခေတ်စားနေကြတယ်လေ။ဒီမျက်လုံးတွေပြာပြာလေးတွေက လှပရုံအပြင် တခြားခြောက်ချားမှုတွေကို ကြာရှည်မခံစားစေနိုင်ပေ။ ဒါနဲ့သူမ ခုနကဘာပြောလိုက်တာပါလိမ့်?!!

"အမ် ?,ဒါငါ့ကျောင်းမဟုတ်ဘူးပဲ ,ကျောင်းတိုင်း၊အဆောင်တိုင်းကပုံစံတူဆောက်ကြပေမယ့် ဒီကျောင်းရဲ့ပုံစံက နည်းနည်းကွဲနေသလိုပဲ ,shit!,ဒါဘယ်နေရာလဲ!!!???"

အားလုံး -" !!! ",<<ဒီကောင်မလေး အိပ်ပျော်ရင်း လမ်းလျှောက်လာတာလား?,ပြီးတော့ အခုမှနိုးလာတာပဲဖြစ်မယ်>>

"ဟယ်လို , တကယ်တော့ငါတို့၆ယောက်စလုံးကလည်း မတူညီတဲ့ကျောင်းကနေ ဒီနေရာကိုလျှို့ဝှက်ဆန်းကြယ်စွာ ရောက်လာကြတာပါ ,မင်းရဲ့အကြောင်းလေးမိတ်ဆက်ပေးနိုင်မလား?"

ခန့်ညားလှတဲ့ အေရယ်မှာအရင်မိတ်ဆက်လိုက်သည်။ မျက်မှန်အောက်တွင် သိုဝှက်ထားသောစိတ်အားထက်သန်မှုတစ်ပိုင်းတစလည်းရှိသေး၏။ ပုံမှန်ထက်သာလွန်သော ခန့်ညားသည့်အပြုံးတစ်ပွင့်ကို နတ်ပြည်၉ဘုံကျော်လွန်သွားအောင်ချိတ်ဆွဲထားသော်ညား ကံဆိုးလေသည်မှာ နာနာ့ရဲ့face blindအကြောင်းကိုမသိခဲ့ခြင်းပင်။တယ် သနားစရာကောင်းပေ၏။

You've reached the end of published parts.

⏰ Last updated: Dec 11, 2023 ⏰

Add this story to your Library to get notified about new parts!

နတ်ဆိုးကြီးတွေ ငါလေးကို ဝိုင်းလုချင်နေကြတယ်Where stories live. Discover now