Chapter 36

5.6K 291 4
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 36

သူမ သူဝယ်လာပေးတဲ့သူမနဲ့ပက်သက်တဲ့ မိန်းကလေးနဲ့ဆိုင်တဲ့ပစ္စည်းတွေကို နေရာတကျထားပြီး အောက်ကိုဆင်းလာတော့ သူကဆိုဖာပေါ်မှာမရှိတာကြောင့် အနောက်ဘက်ကို လျှောက်လာမိတယ်ဆို သူမအံ့သြသွားရသည်။သူမအပေါ်မှာရှိတုန်းသူမှာထားတာတွေကို လာပို့သွားပုံရသည်။ပန်းသီးတွေကို ဖာလိုက်မှာပြီး ရေခဲသေတ္တာထဲကိုထည့်လိုက် ရေခဲသေတ္တာပေါ်က သက်သက်နေရာကိုထည့်လိုက်နဲ့ သူတစ်ယောက်ထဲအလုပ်ရှုပ်နေသည်။

"ရှင်ဘာလုပ်နေတာလဲ အဲ့တာ"

"ပူတူးအခုလိုမိန်းကလေးကိစ္စဖြစ်နေတဲ့အချိန်မှာ သစ်သီးတွေများများစားသင့်တယ်...ချဥ်တာတွေကိုတွေကိုတော့ ကိုယ်မမှာထားဘူး မတည့်ဘူးကြားလို့"

"အဲ့တာ ရှင့်ကိုဘယ်သူပြောလဲ ပြီးတော့ ရှင်မရှက်ဘူးလား မိန်းကလေးနဲ့အက်သက်တဲ့အတွင်းဝတ်တွေသွားဝယ်တာ....ရှင့်အလုပ်နဲ့ပက်သက်တဲ့သူတွေနဲ့တွေ့ရင် ရှင်သိက္ခာကျမှာဆိုးလို့"

သူမပြောတာကို နားလည်ကြောင်းကို ခေါင်းငြိမ့်လိုက်ပင်မဲ့ သူပါးစပ်ကတော့....

"တွေ့လည်းဘာဖြစ်လည်း ကိုယ်ကပြောလိုက်မှာပေါ့ ကိုယ့်မိန်းမအတွက်ဝယ်ပေးတာလို့...ဒီမှာက အဲ့လောက်ထိလိုက်ကြည့်ပြီးပြောတဲ့သူမရှိပါဘူး ပူတူးရဲ့...ပြီးတော့ ကိုယ်ချစ်တဲ့မိန်းကလေးကိုဖြည့်ဆည်းပေးရတာက ကိုယ့်သိက္ခာထက်အရေးကြီးတယ်"

သူမကိုစကားပြောနေတာက မကြည့်ပင်မဲ့ သူစကားတွေကတော့လေးနက်နေတာအမှန်ပင်။သူထည့်နေတာကိုကြည့်ရင်း ပန်းသီးလေးတွေက နီရဲနေတာကြောင့် စားချင်စဖွယ်ဘေးမို့ ရေခဲသေတ္တာထဲအရင်ရောက်နေလောက်တဲ့ ပန်းသီးကိုနှိုက်ဖို့အလုပ် သူကလက်ကိုဆွဲထားလိုက်တာကြောင့်....

"ဘာဖြစ်လို့လဲ ! ရှင်ပဲကျွန်မစားဖို့ဝယ်လာတာဆို"

"အင်းလေ....ဒါပင်မဲ့ ရေခဲစိမ်ထားတာကနောက်ရက်ကြမှစားလေ....အဲ့ရေခဲစိမ်ထားတာစားမှာဆိုးလို့တောင်ကိုယ်က ရေခဲသေတ္တာ ပေါ်မှာသက်သက်ထားပေးထားတဲ့ဟာ"

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now