Chapter 37

7.6K 300 13
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 37

"အားးးး"

လို့အော်ရမှာက ရုတ်တရပ်ကြည့်လိုက်တဲ့ Mine ကလန့်ရမှာကို သူမကအစကတည်းကသရဲကားမှန်းသိရဲ့သားနဲ့ကြည့်ပြီးတော့ လန့်နေတာမို့....

"ပူတူး သရဲကြောက်ရင်ဘာလို့ သရဲကားကြည့်သေးလည်း"

"ကြောက်တာကကြောက်တာပဲလေ ကြည့်လည်းကြည့်ချင်တယ်လေ အဲ့တာကြောင့်ရှင်ကိုအဖော်ခေါ်တာ"

သူမကသူမေးလည်းပြန်ဖြေသေးတယ် မျက်လုံးကလည်း သူဖုန်း screen ကနေလည်းမခွာ။သူမပြောတဲ့ သရဲကိုသူကြည့်လိုက်တော့ မျက်နာကိုဟိုတစ်ကွက်ဒီကွက်ဘုတွေထအောင်လုပ်ထားပြီး ပါစပ်နဲ့ မျက်လုံးကလည်း သွေးအစစ်တွေမှမဟုတ်တာ ပြီးတော့ တရုတ်သရဲလိုပဲကြည့်ရတာ ရီချင်စရာကောင်းလှသည်။

"ပူတူးပြောတဲ့သရဲဆိုတာက တကယ်မှမဟုတ်တာ သက်သက်လုပ်ထားတာလေ သူတို့လည်းလူပဲဟာ ဘာကြောက်စရာလိုလည်း"

"ရှင်ကမကြောက်ပင်မဲ့ ကျွန်မကြောက်တယ်လေ....ကျွန်မဆေးရုံမှာတာဝန်ထမ်းဆောင်တုန်းက ရောဂါအမျိူးမျိူးနဲ့ သေဆုံးသွားတဲ့ လူတွေရဲခန္တာကိုယ်ကို ရေခဲတိုက်ထဲဝင်ပြီး လေ့လာခဲ့ရတာ"

"အဲ့တာဆိုဘာလို့ပူတူးကဆရာဝန်အလုပ်ကိုရွေးလည်း....ပူတူးဆရာဝန်မလုပ်ရင် အဲ့တာတွေလေ့လာစရာမှမလိုတာ"

လူကိုလာပြီး ကပ်သီးကပ်ဖဲ့ပြောနေတဲ့ဒင်းကို ဆေးရုံက ရေခဲတိုက်ထဲ တစ်ညလုံးပိတ်ထားပစ်လိုက်ချင်တယ်။သူက မတွေ့မှမတွေ့ဖူးတာ ဘယ်ကိုယ်ချင်းစာတက်မလဲ။

Mine လည်း သူမလိုဆရာဝန်မဟုတ်ပင်မဲ့ လူသေလောင်းတွေရှိတဲ့ သူမပြောတဲ့ရေခဲတိုက်ဆိုတဲ့နေရာကို လူသေမှုတစ်ခုဖြစ်တိုက်သွားဖူးတာကိုတော့ သူမပြောဖြစ်ပါ။တော်ကြာ သူ့ပါသရဲရှိတဲ့နေရာကလာတာလားဆိုပြီး ပြဿနာရှာနေမှ။

သူမကြည့်နေဇာတ်ကားကို သူပါအာရုံစိုက်ကြည့်လိုက်မိကာ ပဲလောက်သူးကိုဆွဲဆောင်နိုင်လည်းဆိုရင်သူမကိုလက်မောင်းပေါ်တင်ကာ အိပ်ပျော်သွားသည့်အထိပင်။သူအိပ်ပျော်သွားတဲ့အချိန်.......

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now