Ep - 2 { Uni & Zawgyi }

15.3K 401 13
                                    

2.Aug.2023

Unicode

လရိပ် စာမေးပွဲပြီးတော့ ကိုကိုကြီးက American Center တွင် အင်္ဂလိပ်စာသင်တန်း အပ်ပေးသည်၊ အရင်ကတည်းက နွေရာသီတွင် အင်္ဂလိပ်စာသင်တန်းများ တက်ဖူးသော်လည်း အခုလို English to English သင်တဲ့ သင်တန်းမျိုးတော့ မတက်ဖူးတာကြောင့် နည်းနည်းတော့ ရင်တုန်သလို ခံစားရသည်၊ ပြောသမျှနားလည်သော်ငြားလည်း ပြန်ပြောဖို့ကိုတော့ ခွေးအလှည်းနင်းသလို ခက်ခဲနေသည်၊ သင်တန်းက လှည်းတန်းဘက်မှာ တက်ရတာကြောင့် ပထမတစ်ပတ်ကိုသာ ကိုကိုကြီးက သူအလုပ်သွားတဲ့အချိန် လမ်းကြုံလိုက်ပို့ပေးပြီး နောက်တစ်ပတ်က စ၍ လိုင်းကားစီးခိုင်းတာကြောင့် မေမေကြီးက ဆူသေးသည်၊ သို့သော် မေမေကြီးသည် ကိုကိုကြီးကို မနိုင်ပါ၊ လရိပ်အတွက်လည်း ပထမပိုင်းသာ လိုင်းကားစီးရတာ အခက်အခဲဖြစ်ပေမယ့် နောက်ပိုင်းတော့ အဆင်ပြေလာသည်။



ဒီတစ်ပတ်သင်တန်းတွင် လရိပ်တို့ကို နှစ်ယောက်တစ်ဖွဲ့ဖွဲ့ကာ ရုပ်ရှင်တစ်ကားနဲ့ ပတ်သတ်ပြီး project လုပ်ရမည်ဖြစ်သည်၊ ဆရာက အဖွဲ့ဖွဲ့ပေးတာဖြစ်ပြီး project လုပ်ရမည့် ရုပ်ရှင်က မဲနှိုက်ရမှာ ဖြစ်၏၊ လရိပ်နှင့် တစ်ဖွဲ့တည်းကျသည့် ကောင်လေးသည် မိုးထက်အာကာဆိုသည့် တစ်ယောက်ဖြစ်သည်။



"ဟယ်လို လဝန်းရိပ်၊ ငါက မိုးထက်အာကာပါ၊ နင်ငါ့ကို မိုးထက်လို့ ခေါ်လို့ရတယ်"



သူသည် လရိပ်ကို အင်္ဂလိပ်လို နှုတ်ဆက်လာသည်၊ သူ့ pronunciation သည် လရိပ်ထက် အများကြီး ပိုကောင်းသလို ပိုပြီးလည်း ပြောရဲဆိုရဲရှိသည်၊ class ထဲမှာလည်း သူသည် ဆရာမေးသမျှ ထိပ်ဆုံးက စဖြေတတ်တာကြောင့် လရိပ်မျက်မှန်းတန်းမိနေပြီးသားလည်း ဖြစ်ပါသည်။



"တွေ့ရတာ ဝမ်းသာပါတယ်၊ ငါ့ကို လရိပ်လို့ ခေါ်လို့ရတယ်"



"ငါ့အသက်က ၁၈ထဲ ဝင်နေပြီ၊ နင်ကကော"



"ငါက ၁၆ကျော်ပြီ၊ ဆယ်တန်းဖြေထားတယ်"


You Raise Me Up { Completed }Место, где живут истории. Откройте их для себя