FAQ

5.2K 183 36
                                    

Unicode

Spoilသလိုဖြစ်မှာစိုးလို့ မပြောဖို့ လုပ်ထားပေမယ့်လေ private chatကနေ ခဏခဏလာမေးကြတာကော cmtမှာ တွေ့နေရတာတွေကောကြောင့် နည်းနည်းလေးတော့ ပြောပြပါမယ်။

Readers - ကိုကိုကြီးနဲ့ လရိပ်က ဘယ်တော့ကြိုက်မှာလဲ?

Author - လိုပါသေးတယ်လို့ပဲ ပြောပါရစေ၊ ကိုကိုကြီးကာရိုက်တာက မြင်တဲ့အတိုင်းပါပဲ၊ အရမ်းကို ဦးနှောက်သုံးပြီး မဖြစ်သင့်တာမျိုး မဖြစ်အောင်၊ သူများအပြောမခံရအောင်နေတဲ့ ကာရိုက်တာမျိုးပါ၊ ပြီးတော့ လဝန်းရိပ်ကိုလည်း သူများအပြောခံရမယ့် ကိစ္စမျိုး သူလုပ်မှာ မဟုတ်ပါဘူး၊ အဲ့အတွက်ကြောင့် သူ့ကိုက စိတ်ထင်တိုင်း လုပ်လိုက်ရင် ဇာတ်က ဇောက်ထိုးမိုးမျှော်တွေ ဖြစ်သွားမှာပါ။

Readers - ကိုကိုကြီးနဲ့ လရိပ်က ချစ်ကောချစ်မှာလား?

Author - ဇာတ်အညွှန်းမှာ စ,တင်ကတည်းက သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလို့ တင်ထားတဲ့အတွက် ချစ်တာကတော့ ချစ်ကြဦးမှာပါ။

Readers - ဇာတ်လမ်းက HEလား၊ SEလား?

Author - မသိသေးပါဘူး၊ စဉ်းစားထားပြီးသား ဇာတ်သိမ်းရှိပေမယ့် ရေးနေရင်းနဲ့ကို ထပ်ထည့်ချင်တဲ့ အကြောင်းအရာတွေများနေတာမို့ ပြောင်းရင်လည်း ပြောင်းသွားနိုင်သေးတာ မို့လို့ပါ။

Readers - ဇာတ်လမ်းက မျောနေတယ်နော်

Author - ဒါကတော့ အမအားနည်းချက်လို့ပဲ  ပြောရမယ်ထင်တယ်၊ သူတို့နှစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ တစ်ယောက်နဲ့ တစ်ယောက်အပေါ် ခံစားချက်တွေ တဖြည်းဖြည်း ပြောင်းလဲလာတာကို ပေါ်လွင်အောင် ကြိုးစားပြီး ရေးရင်းနဲ့ ရှေ့မတက်နိုင် ဖြစ်နေတာပါ၊ အရှေ့တစ်ပုဒ်တုန်းကလည်း ဇာတ်မျောကြီးလို့ ပြောတဲ့သူတွေ ရှိခဲ့တာမို့ အေးအေးဆေးဆေးလေး ရေးဖို့ကြိုးစားရင်း မျောသလိုဖြစ်သွားတာကတော့ အမအားနည်းချက်လို့ပဲ ဆင်ခြေပေးပါရစေနော်

Notes ; အဲ့ဒါတွေကြောင့်မို့လို့ ဟိုတစ်ရက်က တစ်ပိုင်းတင်ရင်းနဲ့ ဇာတ်လမ်းကို ဖြည်းဖြည်းလေးပဲ သွားမယ်လို့ ပြောခဲ့တာပါ၊ ဖြည်းဖြည်းလေးပဲ သွားမယ်ဆိုတာက အပိုင်းတွေကို အများကြီးဖြစ်အောင် ဆွဲဆန့်မယ်ဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူး၊ သူတို့အခြေအနေကို ဝုန်းခနဲ ဒိုင်းခနဲ အဆင့်မတက်ပဲ တဖြည်းဖြည်းပဲ တက်မယ်လို့ ဆိုလိုတာပါ၊ လရိပ်က ၂၀ကျော်အရွယ်လေးမို့ သူ့ခံစားချက်ကို ထုတ်ရေးရတာ လွယ်ပေမယ့် ကိုကိုကြီးအသက်အရွယ် ကိုကိုကြီးအတွေးအခေါ်နဲ့ကျတော့ သူ့ခံစားချက်ကို ရေးရတာ ခက်ပါတယ်၊ ချက်ချင်းကြီး ပြောင်းလဲချလိုက်ဖို့ မဖြစ်နိုင်တာမို့ စိတ်ရှည်ရှည်လေးနဲ့ စောင့်ပေးကြပါလို့ပဲ မေတ္တာရပ်ခံပါရစေ။

You Raise Me Up { Completed }Where stories live. Discover now