Ep - 21 { Uni & Zawgyi }

11.7K 466 78
                                    

7.Sep.2023

Unicode

"နေပိုင်"

"ဟုတ်ကဲ့ ဆရာ"

"ခင်ယမုံ့အကိုက ဆေးမှုနဲ့ ထောင်ကျဖူးတယ်ဆိုတာ သေချာလား"

"ဟုတ်တယ်ဆရာ၊ ဆေးမှုနဲ့ ထောင်ကျဖူးတယ်၊ ဒါပေမယ့် သူတို့က ခံဝန်နဲ့ ရအောင်ထုတ်လိုက်တာ၊ ရှိသမျှတော့ အကုန်,ကုန်သွားတာပေါ့"

"အင်း၊ ငွေမဲကို ငွေဖြူပြောင်းတာကော ဘယ်လိုပြောင်းလဲ”

“အရင်ကတော့ ကားတွေသွင်းတယ်ပြောတယ်ဆရာ၊ ကားသွင်းတာက အပေါ်ယံပေါ့၊ ဆေးပါသွင်းတာ၊ ဒါပေမယ့် မိသွားပြီးတဲ့နောက်ပိုင်း အဲ့လုပ်ငန်းကို နားလိုက်တယ်၊ မိဘတွေကတော့ ကားသွင်းတဲ့ သင်္ဘောမှောက်သွားတယ်ဆိုပြီး သတင်းဖြန့်လိုက်တယ်တဲ့၊ လောလောဆယ်တော့ အရင်ကလောက် အချီကြီးမဟုတ်ပေမယ့် နည်းနည်းပါးပါးတော့ သုံးနေတုန်း ဖြန့်နေတုန်းပဲတဲ့”

“ကားသွင်းတယ် ဟုတ်လား”

သူသည် ရှေ့နေဦးခန့်နိုင်ပြောဖူးတာကို သတိရသွားသည်၊ လဝန်းရိပ်ပထွေးလည်း ကားသွင်းတဲ့သင်္ဘောမှောက်ပြီး စီးပွားပျက်သွားတာမလား။

“လောလောဆယ် သူဘာလုပ်နေလဲ”

“နိုင်ငံခြားက သားရေတွေမှာပြီး အိတ်ချုပ်တဲ့ စက်ရုံထောင်ထားတယ်တဲ့”

“သူ့ဓာတ်ပုံရှိလား”

“သူတို့စက်ရုံpageတော့ ကျွန်တော်သိတယ် ဆရာ၊ ဓာတ်ပုံတော့ မရခဲ့ဘူး၊ ကျွန်တော်ရှာခဲ့ပေးမယ်”

“မလိုဘူး၊ ဒီpageလား”

သူသည် သူသိထားသည့် လဝန်းရိပ်အမေအရင်းနဲ့ ပထွေးလုပ်ငန်းကို ပြကာ မေးလိုက်သည်။

“ဆရာ ဘယ်လိုသိတာလဲ”

“လဝန်းရိပ် ပထွေးပဲ”

“ခင်ဗျာ၊ တိုက်ဆိုင်လိုက်တာ”

သူလည်း ခေါင်းငြိမ့်လိုက်သည်၊ တိုက်တိုက်ဆိုင်ဆိုင် ဒီလူဖြစ်နေရသည်လို့လေ၊ ပိုကောင်းတာလား ဆိုးတာလားတော့ သူမသိတော့ပါ၊ ခင်ယမုံနဲ့ သူ့အကိုကို ထိခိုက်အောင် လုပ်လိုက်လို့ လဝန်းရိပ်အမေက ဘဝပျက်ပြီး လဝန်းရိပ်ကို ပြန်လာနွယ်မှာလည်း စိုးရိမ်ရသည်။

You Raise Me Up { Completed }Tempat cerita menjadi hidup. Temukan sekarang