Lavender ( 4 )

90 13 1
                                    

Unicode

" ဟို BongJoon shi က ဘယ်လိုလုပ်? "

​Taevender အတန်းချိန်ပြီးလို့ ကျောင်းဆင်းချိန်ရောက်လာတော့ သိမ်းဆည်းစရာရှိတာသိမ်းဆည်းကာ ကျောင်းဆောင်အရှေ့ဘက်ကိုထွက်ခဲ့လိုက်လေသည်.. ထိုအခါ သူတို့ကျောင်းဆောင်၏ အပြင်ဘက်လျှောက်လမ်းတွင် ရပ်စောင့်နေသူတစ်ဦးကိုတွေ့တော့ Taevender မှာ အံ့သြတကြီးမေးလိုက်လေသည်.. ထိုသည်က အခုတလောသူ့အနားအမြဲလိုလိုမြင်နေရတတ်သည့် Film ဘက်ကကျောင်းသား BongJoon ဖြစ်လေသည်..

" ​Teacher Tae ကိုခွင့်တောင်းစရာလေးရှိလို့ရတယ်မဟုတ်လား "

ထိုကောင်​လေးက သူ့ကိုမျှော်လင့်တကြီး ကြည့်ကာပြောလာတော့ သူခေါင်းညိတ်ကာ စကားလှမ်းလိုက်လေသည်..

" ဒီည ကျနော်နဲ့အတူ ညစာစားဖို့ဖိတ်ချင်လို့ပါ ..တခြားချိန်းထားတာမရှိရင် လက်ခံ​ပေးစေချင်တယ် "

" ဟို .. "

" Tae hyung က ဒီညနေ အစ်ကိုနဲ့အတူ အပင်ဝယ်စရာလေးရှိလို့သွားစရာရှိတယ်.. နောက်ကျမှပြန်ရောက်ဖြစ်မှာမို့ အဆင်ပြေမယ်မထင်ဘူး "

SeokBin ၏အသံကရုတ်တရက်သူ့အနောက်ကနေထွက်လာလေတော့ Taevender သည်အကြပ်အတည်းကနေအသက်ရှူချောင်သွားရလေသည် ..မဟုတ်ရင် သူထိုကမ်းလှမ်းချက်ကိုဘယ်လိုငြင်းဆိုရမလဲမသိပေ..

​" အာ.. ဟုတ်လား ။ ဒါဆိုလည်း နောက်မှပေါ့ "

" ဟုတ် အားနာလိုက်တာ BongJoon shi ​"

" ရပါတယ် ကိစ္စမရှိပါဘူး "

" ဒါဆို ခွင့်ပြုအုံးနော် အစ်ကိုတို့သွားစရာရှိလို့ "

ထို့နောက်တွင်တော့ SeokBin ကနေ ဦးအောင်စကားစကိုဖြတ်ပြီး သူ့လက်မောင်းကိုဆွဲကာ ,သူနှင့်အတူ အရင်ထွက်လာခဲ့တော့လေသည်.. အနောက်မှာကျန်ခဲ့သည့် ကျောင်းသား BongJoon ဘယ်လိုရှိနေမလဲပင် လှည့်မကြည့်ဖြစ်ခဲ့ပေ..

ထို့နောက် ကားထားသည့်နေရာသို့ရောက်လာတော့ SeokBin က လေပူတစ်ချက်မှုတ်ထုတ်ပြီးနောက် သူ့လက်မောင်းကိုဆွဲထားသည့်လက်ကိုဖြုတ်ပေးလာသည်.. ပြီးနောက် သူ့ကို ကလေးတစ်ယောက်ကိုကြည့်သည့်အကြည့်ဖြင့် တည့်တည့်ကြည့်လာကာ..

" Lavender Blossoms Around His Neck "Where stories live. Discover now