Lavender ( 8 )

56 8 3
                                    

Unicode

{ ဒီအပိုင်းလေးမဖတ်ချင် အစကနေပြန်ဖတ်ပေးပါနော် ။ ဇာတ်အိမ်တချို့အနည်းငယ်ပြောင်းထားလို့ပါ }

" Jeonranto မင်းဘာဖြစ်ချင်နေတာလဲ ပြောစမ်းငါ့ကို " 

Jeonranto အိမ်ပြန်ရောက်တာနဲ့ အဖိုးဖြစ်သူဘုရင်ကြီး၏ ဖုန်းခေါ်ဆိုမှုကစောင့်ကြိုနေလေသည် 

" အဘိုးဖြစ်တဲ့သူကကော ဘာတွေဖြစ်ချင်နေတာလဲ " 

" တော်တော့ Jeonranto ! မင်းငါ့ကိုရွဲ့ဖို့မကြိုးစားနဲ့.. မင်းဖြစ်ချင်တာက မင်းတက်ချင်တဲ့ Major ကိုတက်ခွင့်ရဖို့မဟုတ်လား ၊ ဒီတစ်ခါတော့ခွင့်ပြုပေးလိုက်မယ် ။ မနက်ဖြန်မနက်  Oxford ကိုလိုက်သွားဖို့ စီစဥ်ပေးထားမယ် " 
  
Jeonranto ခပ်ချဥ်ချဥ်ပြုံးလိုက်ကာဖြင့် 

" တော်ပါပြီ ၊ကိုယ့်အစွမ်းအစနဲ့ဘဲ Korea မှာကျောင်းပြီးအောင်တက်ဖို့ဆုံးဖြတ်ထားပြီးသား ဘယ်သူ့အညီအကူမှမလိုဘူး " 

" မင်းက ဘာမို့လို့ငြင်းဆန်နေရတာလဲ ၊ ငါနောက်ထပ်အလျော့ပေးမှာမဟုတ်ဘူး မဖြစ်ဖြစ်အောင်စီစဥ်မှာ သိထား " 

" မဖြစ်ဖြစ်အောင် စီစဥ်တယ်ဆိုတာ မြေးဖြစ်သူကိုလူလွတ်ပြီး ဖမ်းခေါ်လာခိုင်းတာလား ၊ ဒီနေ့လို ခေတ်ကြီးမှာလေ " 

" ဘာ! မင်းကငါ့ကိုခြိမ်းခြောက်နေတာလား ! " 

" အဲ့လို ထင်သွားတာတာလား  " 

" တောက်! "

ဖုန်းထဲမှ တက်ခေါက်သံပြင်းပြင်းကိုကြားရပြီးနောက်ခတ္တမျှ အသံတိတ်သွားပုံက တစ်ခုခုကိုစဥ်းစားနေဟန်.. ပြီးမှ

"ကောင်းပြီလေ ။ မင်းရဲ့ရွေးချယ်မှုက မင်းကံကြမ္မာဘဲ မင်းနောင်တရလိမ့်မယ် " 

အေးစက်စက်အသံနဲ့ ပြောချင်တာပြောပြီးနောက် တစ်ဖက်ကဖုန်းချသွားလေသည် ။ Jeonranto ဖုန်းကိုနား,မှ ခွာလိုက်ကာ ဟွန်းခနဲမြည်အောင် နှာခေါင်းရှုတ်လိုက်မိလေသည် ။ ' ဘာလဲ သူ့ကိုပြန်ခြိမ်းခြောက်သွားတာလား ' ဒါမှမဟုတ် ' တဖက်လှည့်နဲ့ စိန်ခေါ်လိုက်တာလား ' ။ ပြောပုံက သူ့ထောက်ပံ့မှုမှမပါရင် Jeonranto က ဘာမှမဖြစ်လာတော့မယ့်ပုံနဲ့ ။ ရီရသား 

" Lavender Blossoms Around His Neck "Where stories live. Discover now