Lavender ( 5)

89 10 3
                                    

Unicode

Taevender တစ်ယောက်သူတို့အဖွဲ့၏ ပစ္စည်းတွေထားထားသည့် စတိုခန်းထဲသို့ခဏပြန်လာခဲ့တာဖြစ်သည် ။အကြောင်းမှာတော့ ကပြဖျော်ဖြေမည့်ကျောင်းသူလေးများ၏ အလှအပပြင်ဆင်ရာတွင်လိုအပ်သည့် ဆံထိုးများစုထည့်ထားသောအိတ်မှာ စတိုခန်းအတွင်း၌ ကျန်ခဲ့သောကြောင့်ဖြစ်လေသည်.. ကျောင်းသူလေးတစ်ယောက်ကိုယူခိုင်းလိုက်၍ ရသော်လည်း သူကသန့်စင်ခန်းသွားမည်မို့ လမ်းကြုံတာနှင့်သူကဝင်ယူပေးလိုက်တာဖြစ်သည်.. သို့သော် မထင်မှတ်ဘဲ အံ့သြစရာကောင်းလောက်အောင် မောင်နှင့်ရုတ်တရက်တွေ့ဆုံခဲ့တာဖြစ်သည်..ထို့ကြောင့် သူလည်းလာရာကိစ္စကိုမေ့သွားကာ ဝမ်းသာလိုက်တွေးတောလိုက်ဖြင့် ငိုယိုလို့ဝသွားတော့မှသတိပြန်ဝင်လေသည် ။ထိုအခါမှ ဆံထိုးထုပ်ကိုအမြန်ယူကာ အလောတကြီးဖြင့် စင်မြင့်အနာက်ဘက်ရှိ ​နေရာချထားပေးရာနေရာသို့ပြန်လာရလေသည် ..

" hyung လမ်းပျောက်နေတယ်ထင်လို့ ကျနော်အခုဘဲလိုက်ခဲ့တော့မလို့ "

" ငါလည်း ဘယ်လိုလုပ်ကြာသွားမှန်းမသိဘူး တောင်းပန်ပါတယ် "

SeokBin က အခန်းအပြင်အထွက် Taevender ကလည်း တံခါးဖွင့်ပြီးဝင်လာတာဖြစ်သည်မို့ အတော်တောင်အားနာသွားရလေသည်..ထို့ကြောင့် တောင်းပန်စကားဆိုရင်းဖြင့် သူတို့အတန်း၏စီနီယာဆရာမ​ဖြစ်သည့် အစ်မ Junghae ကိုကမ်းပေးလိုက်လေသည်.. ထိုအခါအကအဖွဲ့ထဲမှ သူကိုယ်တိုင်ခေါင်းဆောင်တင်ထားပေးသည့် ထိုကျောင်းသူလေးက ဖျော်ဖြေပွဲအတွက် ကျန်သည့်အဖွဲ့သားတွေကိုပါ သူကိုယ်တိုင်မိတ်ကပ်ကအစ ဆံတုံးထုံးသည်အထိ ဦးဆောင်လုပ်ပေးလေသည် ။စတိုခန်းထဲမှာအဖွဲ့လိုက်ပြင်ဆင်မှုပြီးတော့ ကျန်သည့်ကျောင်းသူလေးတွေကို စင်အနောက်ကအခန်းထဲမှာ အရင်နေရာသွားယူစေသည့် Yumi ကအဝတ်လဲမည်ဟုဆိုပေမဲ့ ဖျော်ဖြေရမည့်ရိုးရာဝတ်စုံ၏စကပ်အပေါ်ခံဇာပါးလေးကျန်ခဲ့သည်မို့ လာလိုက်ပေး၍ အဝတ်လဲသည့်ဆီကိုမရောက်သေး ။ထို့အပြင် အခုလည်း ဆံတုံးပေါ်တွင် ဆံထိုးတန်ဆာဆင်သည်ကအစလုပ်ပေးနေတော့ အဝတ်အစား​လဲဖို့ရန်ပြောမှသာရပါတော့မည်ပင်.. အဖွဲ့ခေါင်းဆောင်လည်းဖြစ် အတန်းထဲအကြီးဆုံးဖြစ်သည်မို့ Yumi ကကျန်သည့်ကျောင်းသူလေးတွေအတွက် အစ်မကြီးတစ်ယောက်လိုပင် အားကိုးရလေသည်.. ထို့အခါ သူမကို သူမ မေ့နေသော Yumi အားသတိပေးဖို့ရန် Taevender မှစကားစရပါတော့သည်..

" Lavender Blossoms Around His Neck "Where stories live. Discover now