Chapter 38

6.6K 317 37
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 38

သူမတို့ကိုဖုန်းဆက်တဲ့ဆေးရုံကိုရောက်တယ်ဆို သက်ဆိုင်ရာဌာနဘက်ကို အန်ကယ် နဲ့ အန်တီကိုတောင်မစောင့်တော့ပဲပြေးလာလိုက်သည်။သူတစ်ခုခုဖြစ်မှာ သူမအရမ်းကြောက်သည်။သူမ မြင်ချင်စောနဲ့သာပြေးလာရတာ ဆရာဝန်ဖုန်းဆက်တဲ့နေရာကို ရောက်ခါနီးလေ သူမခြေလှမ်းတွေကနှေးလေဖြစ်လာရသည်။

"ရှင်ဘာမှဖြစ်လို့မရဘူးနော်"

လို့စိတ်ထဲပြောနေပင်မဲ့ ခြေလှမ်းတွေကမရပ်တန့်ယုံတမယ်နှေးကွေးလာရသည်။သူသာတစ်ခုခုဖြစ်သွားရင်လည်း သေတာကလွဲမျက်စိကန်းတာမကလို့ အောက်ပိုင်းသေတဲ့အထိသူမလက်ခံနိုင်ပါသည်။ဒါပင်မဲ့သူသေတယ်လို့တော့ လက်မခံပါရစေနဲ့။

"သမီးလေး ဆောင်း သွားမယ်လေကွယ်"

"ဟင်အင်း ဆောင်းမကြည့်ရဲဘူး အန်တီ.
....သူကိုဘယ်လိုပုံစံမျိူးနဲ့တွေ့ရမယ်မသိဘူး"

တူမဖြစ်သူလေးရဲ့ပုံစံကိုကြည့်ရင်း ဆရာဝန်တစ်ယောက်ဖြစ်ပြီး သူချစ်တဲ့သူကြ ဘယ်လိုပုံဖြစ်နေတာ်ဆိုတာ မတွေ့ရဲဘူးဆိုတာကြောင့် သူမတို့လည်းစိတ်မကောင်း။သားသူ့တို့နှစ်ယောက်ကိုမတွေ့ရသေးတာကြောင့် ဘာမှမဖြစ်ပါစေနဲ့ပဲဆုတောင်းမိသည်။သူမတို့ဇနီးမောင်နှံက တူမလေးကိုတစ်ယောက်တစ်ဖက်ပုခုံးကနေဖက်ကာ ခေါ်လာလိုက်ရင်း တစ်နေရာရောက်တယ်ဆို.....

"ဟင်အင်း မဟုတ်ဘူး အဲ့လိုမလုပ်ပါနဲ့ ဟီးး ဟင့်"

ဆောင်းခွဲစိတ်ခန်းရှိကာ မျက်နာတွေအပေါ်ထိ အဝတ်ဖြူကြီးအုပ်ထားတဲ့ အလောင်းနှစ်ခုတင်ထားတာနှစ်ခုကြား ငိုနေတဲ့ H  အမေကိုတွေ့လိုက်ရတာကြောင့် ခေါင်းတစ်ခုလုံးပူထူသွားရသည်။

ဒါဆိုသူမဘဝထဲကသူထွက်သွားပြီပေါ့။ဘာလို့လည်း ရှင်နဲ့ကျွန်မဘဝမစရသေးဘူးလေ သူ့စေရာရဲ့။ရှင်ပြောတော့ ကျွန်မကို အချစ်ဆုံးဆို ဘာလို့ထားခဲ့တာလဲ။ရှင်က သေတဲ့အချိန်တောင် ရှင့်လက်ထောက်တစ်ယောက်ထဲကို ခေါ်သွားတယ် ကျွန်မကိုရောဘာလို့မခေါ်သွားတာလဲ။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤حيث تعيش القصص. اكتشف الآن