1

223 28 3
                                    

'ခင်ဗျား ရပ်နေစမ်း Kim Junkyu'

ထွက်သွားမယ်လုပ်နေတဲ့ လူရဲ့လက်မောင်းကို Haruto နောက်ကနေ ဖမ်းဆွဲပစ်လိုက်သည်။

'လွှတ်စမ်း ငါ့လက်ကို'

မျက်ခုံးနှစ်ဘက်ကို တွန့်ချိုးပြီး လှည့်ကြည့်လာသည်က မျက်နှာမှာ အလိုမကျမှုတို့အတိုင်းသား။ စိတ်တိုတိုနဲ့ လက်နှစ်ဖက်လုံးကို ဆွဲယူပစ်လိုက်တော့ သူနဲ့ မျက်နှာချင်းဆိုင် အနေအထားဖြစ်သွားသည်။

'ဒါဘာလုပ်တာလဲ Haruto ငါ့လက်ကိုလွှတ်'

'ဟက်! ကျုပ်အိမ်ထိလာပြီး သတိပေးဆုံးမ ဘာညာလုပ်ချင်ရင် ဒီလောက်တော့ တွေးထားရမှာပေါ့'

Junkyu သူ့လက်တွေထဲက မရမကရုန်းထွက်ပေမယ့် ဖိကိုင်ထားတာကြောင့် Junkyuရုန်းလို့မရ။

'ငါမင်းကို ငါ့အစ်မနဲ့မပတ်သတ်ဖို့ပဲ လာပြောတာ မင်းငါ့ကိုအခုလို ဆွဲလားရမ်းလား လုပ်နေစရာမလိုဘူး'

'ဟက်!'

ခနဲ့တဲ့တဲ့အပြုံးနဲ့ သူ့မျက်လုံးတွေကို စိုက်ကြည့်လာသည်က မထီမဲ့မြင်။ သူ့ထက်လေးနှစ်တောင်ငယ်တဲ့ ဂျူနီယာဆီက ဒီလိုဆက်ဆံခံရတော့ Junkyu ပိုစိတ်တိုသည်။ ကိုယ့်အမကိုလည်း အပျော်တွဲနေတဲ့ကောင်ကများ ရာရာစစ။

'ဘယ်သူအရင်လာပတ်သတ်တာလဲ အရင်မေးလိုက်ဦး ~ ခင်ဗျားအမလား ကျုပ်လားဆိုတာ'

ရိုင်းစိုင်းတဲ့ "ခင်ဗျား၊ကျုပ်" ဆိုတဲ့ အသုံးအနှုန်းတွေက တကယ့်အရိုင်းအစိုင်းကောင်ပင်။ အကြီးကိုများ မလောက်လေးမလောက်စား။ စီနီယာအပေါ် လေးစားမှုတစ်စက်လေးမှမရှိ။

'ငါ့ဘက်ကပြောပြီးသား အကယ်၍ မင်းရှေ့ဆက်တိုးရင်'

'ပြောပါဦး ရှေ့ဆက်တိုးရင် ဘာဖြစ်သွားနိုင်လဲ'

'ငါမင်းကို ထိုးမှာ'

'ဟား ဟား ဟား'

သူ့စကားအဆုံး ထွက်ကျလာတဲ့ ရယ်သံက လှောင်မြူးရိပ်အပြည့်။

'အဟက် အခုတောင် ကျုပ်လက်ထဲက မရုန်းနိုင်တဲ့ ခင်ဗျားက ထိုးဦးမယ်တဲ့လား'

Haruto နားထဲ Kim Junkyu စကားကို ဟာသတစ်ပုဒ်လို ကြားလိုက်ရသည်။ လူကဖြင့်လက်တောက်လောက် သူ့နားရွက်နားတောင် မရှိတဲ့သူက သူ့ကိုထိုးမယ်ကျိတ်မယ်တဲ့လေ။

Chessy RomanceWhere stories live. Discover now