4 edited

193 21 5
                                    

မနက် ၉နာရီ

ဒီနေ့ညဂျူတီဖြစ်တာကြောင့် Junkyu ကုတင်ပေါ်ဆက်လှဲနေလိုက်သည်။ ပိတ်ထားဆဲဖုန်းကို ဖွင့်ကြည့်ဖို့ မစဉ်းစားမိ။ သူ့ဘာသာ တစ်ယောက်တည်း အေးအေးချမ်းချမ်း တိတ်တဆိတ်နေချင်သည်။ စိတ်သောကတွေရဲ့အဝေးဆုံးမှာ။

မနေ့က Haruto အိမ်မပြန်ဖြစ်။ ဖြစ်နိုင်ရင် ကျောင်းအမြန်ပြီးပြီး တစ်နေရာမှာ ဘယ်သူမှမသိတဲ့ နေရာစိမ်းတစ်ခုမှာ အခြေချချင်သည်။ ချုပ်နှောင်မှုတွေနဲ့ ဝေးရာမှာ နေသွားချင်သည်။ Harutoနဲ့တွေ့နေရတာ သူ့အတွက် ငရဲတစ်ခုနဲ့တူသည်။ ထင်ရာစိုင်းပြီး သူတစ်ပါးခံစားချက်ကို ထည့်မတွေးပဲ တစ်ကိုယ်ကောင်းဆန်တဲ့လူကို သူသေလောက်အောင်မုန်းသည်။ လူကိုထင်သလို အသားယူတတ်တာကို မုန်းသည်။ သူ့ကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုဆက်ဆံတာတွေကို မုန်းသည်။ Haruto နဲ့ ပတ်သတ်သမျှ အရာအားလုံးကို သူမုန်းသည်။

မိုတယ်တစ်ခုမှာ ညနေ၃နာရီက Junkyu  checkout လုပ်လိုက်သည်။ စက်ပိုင်းပုံစံခွက်ထဲ သူပြန်ဝင်ရမည်။ မဆုံချင်သောလူနဲ့တွေ့ရမည်။ သူ့အိမ်မှာ စိတ်ရောကိုယ်ပါ ညှင်းဆဲခံရမည်။

>>>

ဖုန်းစက်ဖွင့်လိုက်တာနဲ့ တန်းတက်လာတဲ့ notifications တွေထဲ Haruto ဆီက 135 missed call ! ရူးနေတာလားမသိ တစ်ခါမှသူ့ဖုန်းထဲ missed call အဲ့လောက်မဝင်ဖူး။ ပြီးတော့ Yoshiနဲ့ Jihoonဆီကရော။

Missed call တွေကိုကြည့်နေချိန်မှာပဲ ချက်ချင်းဖုန်းဝင်လာသည်။ Haruto ဆီက။ Junkyu စိတ်ပျက်စွာ သက်ပြင်းချလိုက်ရင်း ဖုန်းကိုင်လိုက်သည်။

'အခုချက်ချင်းအိမ်ပြန်လာခဲ့ Kim Junkyu'

အေးစက်စွာ ထွက်ပေါ်လာတဲ့အသံမှာ ခြိမ်းခြောက်မှုတွေ ပါဝင်နေတာလား သူမသိပေမယ့် Junkyu ကြက်သီးထမိတာအမှန်။

'ငါဂျူတီတန်းသွားမှာ'

Junkyu သူနဲ့မတွေ့ချင်ပါ။ တွေ့ရင်တစ်ခုခု ဆိုးဆိုးရွားရွားဖြစ်မှာ ကြိုသိသည်။

'ခင်ဗျားမလာရင် ကျုပ်ခင်ဗျားဆီလာမယ်'

အံကြိတ်ပြောနေတာ သိသာစွာ အသံက ဒေါသသံတွေ စွက်နေသည်။

You've reached the end of published parts.

⏰ Last updated: Nov 05, 2023 ⏰

Add this story to your Library to get notified about new parts!

Chessy RomanceWhere stories live. Discover now