3

105 21 0
                                    

Junkyu ဒီနေ့ကျောင်းသွားရမည်။ ရှေ့နှစ်ရက်လုံးလုံး ကျောင်းမသွားပဲ ဖုန်းပိတ်ပြီး အိမ်ထဲမှာပဲ နေနေတာဆိုတော့ သူဒီနေ့တော့ သွားမှဖြစ်မည်။

'အတူသွားမယ် ကားနားမှာစောင့်နေ'

မနက်စာစာရင်း Haruto ကပြောလာသည်။ မနက်ခင်းကြီး သူ့မျက်နှာကြီးကို ဆီးကြိုမြင်ရတာ စိတ်ပျက်စရာ။ အိမ်ကို သန့်ရှင်းဖို့နဲ့ ထမင်းချက်ပေးတဲ့ အန်တီကြီးနှစ်ယောက်က နေ့လည်မှလာပြီး ဟင်းချက်ပြီးရင် ပြန်သွားကြသည်။ ခြံစောင့်ဦးလေးကြီးကလည်း ဝန်းထဲက အိမ်မှာနေတာဆိုတော့ အိမ်မကြီးထဲ သူနဲ့ Haruto နှစ်ယောက်သာရှိသည်။

'မင်းနဲ့ဘာလို့အတူသွားရမှာလဲ ငါ့ဘာငါ သက်သက်သွားမယ်'

ဒီတိုင်းသာသူနဲ့ကားပေါ်က ဆင်းလာတာတွေကြည့်ပါ့လား အတင်းအဖျင်းကြား သူ့နာမည်ကြီးက ထိပ်ဆုံးက ပါလာမှာ။

'ကိုယ့်ယောက်ျားနဲ့ အတူသွားတာ ဘာဖြစ်လဲ'

သူအဲ့လိုတွေပြောတာ မကြိုက်မှန်း သိလို့ တမင်ကိုပြောနေတာ။

'ဘယ်လိုနေနေ ငါမသွားဘူးပြောပြီးသား မင်းဘာသာသွား'

'ကျစ် Kim Junkyu ခင်ဗျားနဲ့ ကျွန်တော်ယူပြီးပြီဆိုတာ တစ်ကျောင်းလုံးသိနေပြီ ခင်ဗျားဖုန်းမသုံးဘူးလား '

'ဘာ'

'ဟုတ်တယ် ခင်ဗျားအမက လက်ထပ်စာချုပ်ကို ဓာတ်ပုံရိုက်ပြီးကို တင်ထားတာ'

'ဟမ် အစ်မက ဘယ်လိုလုပ်ပြီး'

Junkyu ပြောရင်းမှ မနေ့က သူ့ကိုအစ်မYihyunက သက်သေထုတ်ပြ ဘာညာပြောလို့ သူကိုယ်တိုင်ပုံပို့လိုက်တာ။ ဖေဖေကလည်မေးတယ်ဆိုတာကြောင့် သူပို့လိုက်တာ ဒါပေမယ့် အစ်မ အဲ့လိုကြီး တင်လိမ့်မယ်လို့ မထင်ခဲ့မိရိုးအမှန်။

'ကျုပ်လဲမသိဘူး'

Haruto ကပြန်ဖြေသည်။

'ငါ့ကြောင့်'

Junkyu ထိုတစ်ခွန်းပြောပြီးသာ တိတ်ဆိတ်နေလိုက်တော့

'အဟွန်း အဲ့လောက်တောင် ကျုပ်ကိုကြွားချင်နေပြီလား တရားဝင်ယူထားပါတယ်ဆိုပြီးလေ'

Chessy RomanceOnde histórias criam vida. Descubra agora