2.2

105 22 0
                                    

ဂျလောက် !

တံခါးဂျက်ပွင့်သွားတဲ့အသံသည် Junkyu အတွေးတွေကို ဖြတ်တောက်ပစ်လိုက်သလို သူဝမ်းနည်းနေတာ ကြက်ပျောက်ငှက်ပျောက်။

'တံခါးနားကဖယ်နော် Kim Junkyu'

ကိုယ်လုံးနဲ့တံခါးကို အသားကုန်တွန်းထားပေမယ့် ပွင့်လုဆဲဆဲ တံခါးပေါက်မှာ Haruto ရှိနေကာ သူ့ကိုရှုတည်တည်ကြည့်နေရင်း သူ့အားနဲ့အပြင်က ဆောင့်တွန်းသည်။ အားမမျှတော့ တံခါးပွင့်သွားကာ အခန်းထဲ တရကြမ်းဝင်လာတဲ့သူ။

ခုတင်ဘေးမှာ ရပ်နေတဲ့ကိုယ့်ဆီကို လျှောက်လာတာ တစ်ချက်လေးတောင် မျက်တောင်မခတ်။ Junkyu ကြောက်စိတ်ဖြစ်လာသလို ငိုချင်စိတ်ပြန်ဖြစ်လာပြန်သည်။ ခုနကတောင် အလိုမတူအနမ်းခံရတာ အခုအခန်းထဲမှာဆို သူထပ်မတွေးရဲတော့။

'Kim Junkyu ထပ်ပြေးဖို့ကြိုးစားရင် ခြေတွေလက်တွေ ကြိုးတုပ်ထားမှာနော်'

ပြောလာတာက တကယ်လုပ်မယ့်ပုံ။

'ငါမပြေးဘူး မင်းငါနဲ့ဝေးဝေးနေ'

Junkyu ပြောတော့ သူ့နှုတ်ခမ်းမှာ မဲ့ပြုံးထင်သည်။

'ဝေးဝေးနေဖို့ ခင်ဗျားကို ယူထားတာမှ မဟုတ်တာ'

'မင်း ! မင်းနဲ့ငါ ချစ်ကြိုက်လို့ ယူထားတာမဟုတ်ဘူး မင်းပါးစပ်ကလည်း ကိုယ်တိုင်ပြောထားတာနော် .. ကိုယ့်စကားကိုယ် သတိရ'

Haruto သူ့ကိုခုတင်တစ်ဖက်က ပြောနေတဲ့သူကိုကြည့်ရင်း ရယ်ချင်လာသည်။ ဒါပေမယ့် မရယ်မိအောင်လဲ ထိန်းထားရသည်။ လူက မပိန်မဝ ဖောင်းဖောင်းကားကားနဲ့ ရိုက်ခံထားရတဲ့ ပါးပြင်က နီရဲနေတဲ့အပြင် ခုနက သူအတင်းအကြပ် နမ်းထားတော့ နှုတ်ခမ်းတွေကပါ ပါးပြင်တွေလို နီဆွေးနေသည်။

ပြေလည်ရာပြေလည်ကြောင်း ပြောတာလား သတိပေးတာလား မသဲကွဲတဲ့ စကားတွေနဲ့အတူ သူ့အနားကို မလာဖို့ ဟန့်တားသည်က ကလေးကလား။ Kim Junkyu သူ့ထက်လေးနှစ်ကြီးလို့သာပဲ။ စီနီယာလို ဆက်ဆံခံချင်တာကလည်း တစ်ပိုင်းကိုသေလို့။ ကျောင်းမှာဆိုလည်း သူနဲ့မကြာခနတိုးတာ သူကကိုယ့်မမြင်ပေမယ့် ကိုယ်ကသူ့ကို မမြင်ချင်မှအဆုံး။

Chessy RomanceWhere stories live. Discover now