အခန်း - ၀ ။

81 7 1
                                    

အခန်း - ၀ ။

အ​နောက်မှာ ရှိ​နေတဲ့ ​ကျောက်စရစ်ခဲ​တွေ
ကို ဖြုန်းတီးဖို့အတွက် ထိုင်ချလိုက်ပြီး ကျွန်မ
ရဲ့ အင်္ကျီလက်​တွေကို ပင့်သိမ်းလိုက်တယ် ။
​နေဝင်သွားပြီပဲ ။ ချန်းကျား ​တောင်ရဲ့
​နေဝင်ချိန်က ပြည်နယ် ( ၆ ) ခုမှာ
အလှဆုံးအချိန်ပဲ ။ ဒီ ကြက်​သွေး​ရောင်
​နေဝင်ဆည်းဆာချိန်က ကျွန်မ ဘဝ မှာ ​
နောက်ဆုံးအ​နေနဲ့ မြင်​တွေ့ ရတဲ့ မြင်ကွင်း
ပါလားလို့ ​တွေးလိုက်မိတယ် ။ ခဏကြာ
ရင် နန်ကျီ က ကျွန်မ ကို လာ​ခေါ်​တော့
မယ် ၊ ဒီလက ယင်ဓါတ်ပြည့်ဝတဲ့ လဖြစ်
တာ​ကြောင့် ကျွန်မ​တို့​တွေ ချန်းကျား
​တောင်ထိပ်ကို သွားကြမှာဖြစ်တယ် ။

နန်ကျီ က ကျွန်မ နက်နက်ရှိုင်းရှိုင်းချစ်
ရတဲ့ လူတစ်​ယောက်ပါ ။ တစ်ချိန်တုန်း
က နတ်ဘုရား တစ်ပါးဖြစ်ခဲ့ပြီး အခုချိန်မှာ
​တော့ နတ်ဆိုး တစ်ပါး​ပေါ့ ။ နှစ် ၁၀၀၀၀
​လောက် အိပ်​မောကျသွားခဲ့ပြီး ကျွန်မ က
သူ့ ကို နှိုး​ပေးတဲ့ လူဖြစ်လာခဲ့တယ် ။ ကျွန်မ
က ချန်းကျား ဂိုဏ်းရဲ့ မျိုးဆက် ၃၉၇ ဆက်
​မြောက် တပည့်တစ်​ယောက်ပါ ၊ ကျွန်မ
တာဝန်က နတ်ဆိုး​တွေကို သုတ်သင်ဖယ်ရှား
ဖို့ဖြစ်​ပေမဲ့ .... သူ့ကို နှိုး​ပေးခဲ့ပြီး​နောက်မှာ
​တော့ သူ့ ကို ကျွန်မ ချစ်မိ သွားခဲ့တယ် ။

သူက အနက်​ရောင် ဝတ်ရတာ သ​ဘောကျတယ် ၊
သူ့ ရဲ့ ​အေးစက်တဲ့ လက်​ချောင်း​တွေက
ကျွန်မ ရဲ့ မျက်လုံး​တွေကို ထိ​တွေ့ရတာလည်း
သ​ဘောကျတယ် ။ သူ ကျွန်မ လက်ကို
ဆွဲပြီး သူ့ အ​နောက်မှာ မတ်တပ်ရပ်ပြီး
ကာကွယ်​ပေးတဲ့အချိန် ကျွန်မ ကို ညင်ညင်
သာသာ​လေး ပြုံးပြရတာကိုလည်း သ​​ဘောကျ
တယ်​ ။

ဒါ​တွေအားလုံးက ဘာ​ကြောင့်လဲဆို​တော့
ကျွန်မ က သူ ချစ်တဲ့ အမျိုးသမီး နဲ့ ရုပ်ချင်း
တူညီ​နေတာ​ကြောင့်​လေ ။

ဒီ​နေ့ညက လပြည့်ညပဲ ။ ယင်ဓါတ်
က လကို လွှမ်းခြုံ​နေလိမ့်မယ် ၊ ဒါက
ဝိဉာဥ်ကို ပြန်​ခေါ်ယူဖို့အတွက်​တော့ အ​​ကောင်းဆုံး
​အချိန်ပေါ့ ။

တစ်ချိန်တုန်းက​တော့ ချန်းကျား ​တောင်​ပေါ်
မှာ ကျွန်မ ဆရာ ၊ စီနီယာ အစ်ကို​/ အစ်မ
တွေ နဲ့ ဂျူနီယာ​လေး​တွေရှိခဲ့တယ် ။ အခုချိန်
မှာ​တော့ ကျွန်မ က သူတို့​တွေရဲ့ ခန္ဓါကိုယ်
ကို ဖြတ်​နင်းလျှောက်သွားရပြီး ကျွန်မ လက်မှာ
လည်း ​သွေး​တွေ နဲ့ ​ပေကျံနေပြီ ။ တစ်လှမ်းပြီး
တစ်လှမ်း ကျွန်မ ​တောင်ထိပ်စီကို တက်လာ
ခဲ့တယ် ။ မကြာခင်မှာပဲ ကျွန်မလည်း သူတို့
အ​နောက်ကို ​လိုက်သွားရ​တော့မယ်​လေ ၊
ကျွန်မ ချစ်ရတဲ့လူ က မကြာခင်အချိန်​လေး
မှာပဲ ကျွန်မ ​သွေး​တွေကို ထုတ်ပစ် ၊ ဝိဉာဥ်
ကို ဖြတ်​တောက်ပြီး ဒီခန္ဓါကိုယ်က​နေ ကျွန်မ
ကို နှင်ထုတ်​တော့မှာပဲ​ ။

မင်းအတွက် ရှင်သန်မယ် || မြန်မာဘာသာပြန် ||Where stories live. Discover now