အခန်း - ၁ ။

80 7 1
                                    

uni - version
translator @ kitty

အစ်ကို​ကြီး ​ပြောတာ​တော့ သူမ ကို ​မွေးဖွား
တဲ့ ညအချိန်မှာ ​​လေ​တွေက ပြင်းထန်​နေပြီး
​ကောက်ရိုး​တွေ ၊ မြက်ပင်​တွေ နဲ့ မိုးထား
တဲ့ သူတို့အိမ် အမိုး​တွေကို​တောင် လှန်ထုတ်
ပစ်လိုက်နိုင်တယ်တဲ့ ။ ရွာထဲမှာရှိ​နေတဲ့
သစ်ပင်ကြီး​တွေ မှာ ပြိုကျကုန်ပြီး လူ​တော်​တော်
များများလည်း ​သေဆုံးသွားရတယ် ၊အဲ့ဒါ့​ကြောင့် အဲ့ဒီ့ည က လူသား​တွေကို လက်စား​ချေဖို့ အတွက် ဆိုးဝါးတဲ့ကံကြမ္မာ​အဖြစ် ပြောင်းလဲသွားတယ်တဲ့ ။

အဲ့ဒီ့ဖြစ်ရပ်ကြီးအတွက် ရွာသား​တွေက သူမ
ကို ကပ်ဆိုးကြီး လို့ စွပ်စွဲကြ​ပေမဲ့ အစ်ကိုကြီး
က​တော့ သူမ ကို ရှားပါးတဲ့ ​ကောင်းချီး​ပေးခံ
ရသူအဖြစ် ​တွေးခဲ့တယ် ။ ပြင်းထန်တဲ့
အဖျား​ကြောင့် ​သေဆုံးသွားပြီးဖြစ်တဲ့ အ​မေ့
ကို မြှုပ်နှံ​ပေးပြီး​နောက်မှာ​တော့ အစ်ကိုကြီး က
သူမ ကို ​ပွေ့ ချီထားပြီး ပျက်စီး​နေတဲ့ ရွာထဲ
က​နေ ညတွင်းချင်း ထွက်ခွာခဲ့တယ် ။

အဲ့အချိန်ကစပြီး ၁၀ နှစ်ကြာသွားပြီဖြစ်သည် ။
အစ်ကို က ​လောကကြီးမှာရှိ​နေတဲ့ ​လေး​ထောင့် အားလုံးကို အိမ် အဖြစ် သတ်မှတ်ပြီး သူမ ကို
​သေမျိုးပြည်နယ် တစ်ခုလုံးကို လှည့်ပတ်​ခေါ်သွား
ခဲ့တယ် ။

​သေမျိုးပြည်နယ် တစ်ခုလုံးကို လှည့်ပတ်သွား
ရတဲ့ အ​ကြောင်းအရင်းက သူမ ​ကြောင့်သာ
မဟုတ်ရင် မ​သေမျိုးအဖြစ် ကျင့်ကြံချင်
တဲ့ သူ့ စိတ်ကူးအိမ်မက်​တွေ​နောက်ကို လိုက်
တာကြာပြီလို့ အမြဲ​ပြောတတ်တယ် ။

အဲ့လို​ပြောတဲ့ အချိန်တိုင်း သူမ က အစ်ကိုကြီး
ရဲ့ အင်္ကျီလက်​တွေကို ဆုပ်ကိုင်ထားပြီး
ရိုးရိုးသားသားပဲ သူမ အပြုံး​တွေကို ​ဖော်ထုတ်
ပြခဲ့သည် ။ အဲ့အခါကျရင် အစ်ကို
က သူ့ မျက်လုံး​တွေကို လခြမ်း​ကွေး တစ်ခုလို
​ကွေးညွှတ်သွားရ​အောင် ပြုံးပြီး သူမ ​ခေါင်း​လေး
ကို ပွတ်သပ်လာ​​ပေးလိမ့်မယ် ။ အဲ့ဒီ့​နောက်
ရိုးသားမှုနည်းနည်း​လေး​တောင် မရှိဘဲ
သူ့ သွားဖြူဖြူ​လေး​တွေ နဲ့ ရယ်ပြရင်း ;
" စိတ်မပူနဲ့ နင့်ကို ဆံထိုးတင် * အခမ်းနား
​​ရောက်ပြီး တစ်​ယောက်​ယောက်နဲ့ လက်ထပ်သွား
တဲ့အချိန်ထိ ( ၁၅ ) နှစ်လုံးလုံး ငါ ​စောင့်​ရှောက်
​ပေးမှာပါ ပြီးရင်​တော့ ငါ ထွက်သွား​တော့မှာ "

မင်းအတွက် ရှင်သန်မယ် || မြန်မာဘာသာပြန် ||Where stories live. Discover now