အခန်း - ၃

59 7 0
                                    

* t / n - ဇာတ်​ကောင် မိတ်ဆက်ကို
အချစ်တို့ Translation note : ထဲမှာ
ဖတ်​ပေးကြပါ​နော် ဒါဆို မရှုပ်​​လောက်​တော့
ပါဘူး ။

" အကြီး​တွေကို ​လေးစားမှုမရှိဘူး ! " ,
အမှန်ပါပဲ ။ ကန်းဟိုင် မှာ ​အလွန်ဒေါသထွက်
သွားပြီး ​ပေါက်ကွဲလုနီးပါး ဖြင့် ဖုန်းရှု ၏ ဦးတည်ရာကို လက်ညှိုးထိုးကာ သူ့ မျက်နှာမှာ ​
ဒေါသ​ကြောင့် နီရဲ​နေ​တော့သည် ။

ဖုန်းရှု က သူ့ အကြည့်​တွေအား မျက်လွှာချ
လိုက်ပြီးကန်းဟိုင် ကို တစ်ချက်​လေးမှ​တောင်
ကြည့်မလာခဲ့​ချေ ။

" မင်း .... မင်း .... "

ကန်းဟိုင် မှာ သူ့ ရဲ့ ​မာန​ထောင်လွှား​နေသည့်
​လေထု ကို သည်းမခံနိုင်​သော်လည်း အခြား
အပြစ်​တွေကို ရှာမ​တွေ့ ​ပေ ။ ကန်းယု
က ထို​နေရာမှာပင် ထိုင်​နေဆဲဖြစ်ပြီး တပည့်
​တွေ အားလုံး အ​ရှေ့မှာ​တော့ သူ့ ရဲ့ သိက္ခါ
ကို အကျမခံနိုင်ဘဲ ဖုန်းရှု ကို ကိုယ်တိုင်ကိုယ်ကျ
သင်ခန်းစာ​​ပေးချင်​နေ​တော့တယ် ။

" စိတ်​လျော့ပါ ရှစ်တိ , စိတ်​လျော့ "

ရိုးရှင်းသည့် စကားနှင့်အတူ တိမ်တိုက်ခန်းမ​ဆောင် အတွင်း ဝိုင်ရနံ့​တွေက ပြည့်လျှံလာသည် ။
​နောက်ထပ် ကျန်း​လောင် တစ်​ယောက် က သူ့
ထိုင်ခုံက​နေ ထရပ်လာခဲ့တယ် ၊ ထိုသူ မှာ
ငယ်ရွယ် ​ချော​​မောပြီး ထူထဲ​သော မျက်ခုံး
တစ်စုံ နှင့် ပန်းနု​ရောင် ဆံပင်​တွေရှိသည် ။
သူက ကန်းဟိုင် ကို " ရှစ်တိ " လို့ ​ခေါ်လိုက်
​ပေမဲ့ သူက ကန်းဟိုင် ထက် အသက် ( ၅၀ )
​ကျော်​လောက် ငယ်ရွယ်ပုံရ​လေသည် ။
တစ်ခုတည်း​သော အချက်မှာ သူက ထိုင်ခုံ​ပေါ်
မှ ထပြီးသည် နှင့် ဟန်ချက်ပျက်ကာ ကြမ်းပြင်​ပေါ်
သို့ လဲကျလုနီးပါးဖြစ်သွားရသည် ။

" ​ကျန်း​လောင် ကန်းချွီ , သတိထားပါ ! "

အချို့ တပည့်ငယ်​လေး ​တွေ မှာ စိုးရိမ်တကြီး
​အော်ကာ မကူညီ​ပေးလိုက်နိုင်​ပေမဲ့ သူတို့ မြင်လိုက်
ရသည်က ကန်းချွီ က ​လေထဲမှာပင် ​နောက်ပြန်လှန်
ကာ ကျယ်​လောင်စွာရယ်​မောရင်း ​လှေကား​တွေ
​အောက်သို့ ဆင်းသွားခဲ့သည် ။ " ငါ ကြည့်ပါရ​စေ ,
ဒီ အိမ်​ပြေး​လေး မှာ ဘာထူးခြားချက်​​တွေများ
ရှိ​နေသလဲလို့ ..... ? "

မင်းအတွက် ရှင်သန်မယ် || မြန်မာဘာသာပြန် ||Donde viven las historias. Descúbrelo ahora