အခန်း - ၂

48 5 0
                                    


ကမ္ဘာပေါ် မှာ တည်ရှိနေတဲ့ အရာအားလုံးက အချည်းအနှီးဖြစ်သွားသည့်နှယ် ။ထို မျက်လုံးတစ်စုံက ကောင်းကင်ဘုံ အက်ကွဲကြောင်း
ကနေကြည့်ရှုနေသည့်အတိုင်း ကမ္ဘာမြေကြီး
ပေါ်က ဆင်းရဲဒုက္ခတွေ‌နှင့် ကင်းကွာနေသကဲ့သို့
အပြာရောင်ဖျော့ဖျော့လေးက တောက်ပနေခဲ့သည် ။
ထိုအလင်းဖျော့ဖျော့လေးရဲ့ အောက်မှာပဲ
အအေးဓါတ် အော်ဟစ်သံတွေနဲ့ ကြောက်ရွံ့မှုတွေ
အားလုံးကပျောက်ကွယ်သွားပုံရသည် ။

နတ်ဆိုးမလေး ကအဲ့ဒီ့ မျက်လုံးတစ်စုံကိုသာ
စိုက်ကြည့်နေခဲ့ပြီး; ထိုအချိန်ခဏလေးမှာပဲ
အတွေးတွေ နှင့် ခံစားချက်တွေ အားလုံးက
ပျောက်ကွယ်သွားခဲ့တယ်။

အရမ်း ... လှတာပဲ....

အပြာရောင်အလင်းဖျော့ဖျော့လေးက နံနက်ခင်း
မိုးသောက်အချိန်က မြူခိုးလေးတွေလိုပဲ။
သူမ လက်ကို ဆန့်ထုတ်လိုက်ပြီး  ပို , ပိုပြီး နီးကပ်
သွားချင်ခဲ့တယ်  ။   သူမ လက်တွေဖြင့် ဆုပ်ကိုင်ကာ
အဲ့ဒါတွေကသူမ အပိုင်တွေလိုမျိုး ခံစားရစေ
သည် ။  ၎င်းအရာက သူမ ရဲ့ အစ်ကိုကြီးလိုမျိုး
သာမန်မဟုတ်တဲ့ ရင်းနှီးမှုမျိုး  ၊ သာမာန်မဟုတ်တဲ့
အေးဆေးတည်ငြိမ်မှုမျိုးအား သူမ ကို ရင်းရင်းနှီးနှီး
ခံစားချက်ကိုပေးစွမ်းလေသည်   ။

ထိုအပြာရောင်မှိန်ဖျော့ဖျော့လေးက သူမ ရဲ့
နှလုံးသား နှင့် မျက်လုံးတစ်ခုလုံးကို ပြည့်နှက်
စေပြီး ညှို့ယူဖမ်းစားနိုင်ခဲ့သည် ။   သူမ
မသိလိုက်ဘဲ အစ်ကိုကြီး ကို ဖက်ထားရာကနေ
လွှတ်ကာ ထိုမျက်လုံးတစ်စုံစီကို လျှောက်သွား
ခဲ့တယ် ။သူမ ကို စိုက်ကြည့်နေတဲ့ အဲ့ဒီ့
မျက်လုံးတွေက  နွေးထွေးမှုအရိပ်အယောင်
မရှိသော်ငြားလည်း  သူမ လက်သေးသေးတွေ
ဖြင့်  နီးနီးကပ်ကပ်လာပါဆိုပြီး ကြိုဆိုနေ
သယောင်ဖြစ်နေ၏ ။    အပြာဖျော့ဖျော့
အလင်းက အနည်းငယ် ယိမ်းယိုင်သွားကာ
တဖြည်းဖြည်း ပါးလွှာလာပြီး မျက်လုံးတစ်စုံ
ကလည်း  ပိုမိုနက်မှောင်လာပြီး လေးလံလာ
ခဲ့သည် ။

နှင်းတွေဖုံးလွှမ်းနေတဲ့ မြေပြင်ပေါ် မှာ
အနက်ရောင် ခြေရာလေးတွေက ထွက်ပေါ်လာ
တယ် ။  အပြာရောင်အလင်းက ပိုပိုပြီး
ဖျော့တော့လာသည်နှင့် အမျှ ခြေရာတွေက
လည်းပိုများပြားလာပြီး အရှိန်မြန်လာခဲ့သည် ။
နတ်ဆိုးမလေး က ထို အပြာရောင် အလင်းတန်း
စီကို   သူမ ခန္ဓာကိုယ်လေးအား ပစ်ဝင်လိုက်တယ် ။
လက်လှမ်းမီသည့် အခိုက်အတန့်မှာပဲ ထိုအလင်း
ဖျော့ဖျော့ရဲ့ နောက်ဆုံး ကြိုးလေးကို အမှောင်ထုက
ဝါးမျိုသွားကာ ရုတ်တရက်ဖြစ်ပေါ်လာသည့်
မျက်လုံးတစ်စုံက ကွဲအက်သွားပြီး မရေမတွက်
နိုင်သည့် သွားတွေ ၊ ခြေသည်းတွေအဖြစ်
နေရာဝင်ယူလာခဲ့သည် ။

မင်းအတွက် ရှင်သန်မယ် || မြန်မာဘာသာပြန် ||Where stories live. Discover now