• စိတ်မဆိုးနဲ့ ပြုံးတော်မူ •

2.4K 203 110
                                    

" လမ်းခွဲမယ် ဂျွန်ဂျောင်ဂု !!  မင်းလိုကောင်မျိုးနဲ့ဘာကိစ္စ၊ ဘာအကြောင်းနဲ့မှ ဆက်တွဲစရာ အကြောင်း မရှိတော့ဘူး ၊၊

စားသောက်ဆိုင် တစ်ခုတွင် ဖြစ်သည်၊၊
လေထု ပေါက်ကွဲသံ ကျယ်ကျယ်သည် အသည်း
ထိတ်ရင်ဖို ၊၊ လမ်းခွဲစကားအား ပြောလာသူ
သည် နှစ်ယောက် မရှိသည့် သူ့ချစ်သူ ၊၊

ဘေးပတ်ဝန်းကျင်လည်း သတိမထားတော့ပဲ ဟျောင်းသည် အသံကုန် သုံးကာ လမ်းခွဲစကားဆိုသည်၊၊

လေသံအား အဆုံးထိမာကာ ပြောလာသော
ဟျောင်းသည် ခါတိုင်း စိတ်ဆိုးသည်နှင့် မတူ၊၊
ထို့ကြောင့် သူအလျှင်အမြန် အယူခံဝင်ရန် ပြင်
ရတော့သည်၊၊

" ဟျောင်း ကျွန်တော် ပြောတာ ခဏလေး နားထောင်ပေးပါအုံး ၊၊ "

" ဘာ စောက် အဓိပ္ပာယ် မရှိတဲ့ စကားတွေကို
ငါကနားထောင်ရအုံးမှာလဲ  ၊ မင်း ပါးစပ်က ထွက်သမျှ အလိမ်အညာတွေပဲနေမှာ ၊၊ "

" ဟျောင်း စိတ်အေးအေးထားပြီး ကျွန်တော်
ရှင်းပြတာနားထောင်ပေးပါဗျာ .... နော် "

" ငါ လူစကား ပြောနေတာနော် ထပ်မပတ်သတ်နဲ့၊ ဒီနေ့ကစပြီး ငါနဲ့ ထပ်မပတ်သတ်နဲ့ ၊၊ "

အရှော့မပေးသော ဟျောင်းဟာ ဒီတစ်ခါ တကယ်ဆုံးဖြတ်ထားဟန် ၊၊ ဘယ်လိုနည်းနဲ့မ
ဆို သူ့ကို ရအောင် လမ်းခွဲတော့မယ်ပေါ့လေ ၊၊

" ဒီမှာ ဟျောင်း ၊ ကျွန်တော်က ဟျောင်း မပတ်သတ် ချင်ရင် လာမပတ်သတ်တော့နဲ့လို့ ပြောတိုင်းရတဲ့ အထဲမယ် မပါဘူးနော် ! ဟျောင်း
ကျွန်တော့်အကြောင်း သိပါတယ် ၊၊ ဂျွန်ဂျောင်ဂု ဘာကောင်လဲ ဟျောင်း သိပါတယ် ၊၊ "

ရိုးရိုး ပြောလို့ မရလို့ နည်းနည်း ခြိမ်းခြောက်လိုက်သည်၊၊ ကလေးများလို ချော့တစ်ခါ
ခြောက်တစ်လှည့် ....

" သိတယ်လေ မင်းက မကောင်းတဲ့ ကောင် !
မျက်နှာများတဲ့ ကောင် !!

" ကျစ် !! မဟုတ်ဘူးဗျာ ... ဟျောင်း ဘာကို
မကျေနပ်တာလဲ ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း
ပြော ၊၊ "

" မင်းရဲ့ မသတီစရာ အကြောင်းတွေကို ငါ့ပါးစပ်
ထဲတောင် ထည့်မပြောချင်ဘူး ရွံလွန်းလို့ !

KOOKJIN ONE SHOT COLLECTION Where stories live. Discover now