• စိတ်မဆိုးနဲ့ ပြုံးတော်မူ • 𝙵𝚒𝚗𝚊𝚕

2K 171 113
                                    

တိတ်ဆိတ်သော ညတစ်ခုမှာ သူများတွေ ကောင်းမွန်စွာ အိပ်စက် နိုင်ပေမဲ့ သူမှာတော့
မအိပ်နိုင်ပေ၊၊ အသားလေး မထိကြည့်ရရင်
နေလို့ မကောင်းဘူး ၊ အသံလေး မကြားရရင်
သေအောင် လွမ်းသည်၊၊ ဟျောင်းက သူ့အား
လျစ်လျှူ တွေ ရှူနေသည်၊၊ ဒါမျိုး တစ်ခါ
မှ အကြာကြီး မခံစားဖူးတာမို့ သူ့မှာ ကမ္ဘာပျက်
ရသည်၊၊

"ကင်မ်ဆော့ဂျင် ခင်ဗျားကြီးက လူကြီး လူကောင်းဆို ခင်ဗျားကြီးက အကြီးဆို !!!
ဟင့် ဒါလေးကို နားလည် မပေးဘူး ၊၊ ရှင်းပြတော့လည်း နားမထောင်ဘူး ၊၊"

သူ ကင်မ်ဆော့ဂျင် ကို စိတ်နာချင်လာသည်၊၊

ပြီးတော့ နောက်တစ်ခု သူ့ကို အဆက်အသွယ်
ဖြတ်သွားတာ ပြောတော့ ဖြင့် လုပ်ငန်းကြီးကို
ဦးစီးနေတဲ့ CEO ကြီး Kim ပါဆို !! တစ်ဖက်သား
ရဲ့ စကားလေးတော့ နားထောင်ပေးရမယ်မဟုတ်ဘူးလား အခုလို သူထင်တာတွေပဲ သူတွေးပြီး
လုပ်မနေပဲ ကျွန်တော့် ဘက်ကိုလည်း ကြည့်ရ
အုံးမယ် မဟုတ်ဘူးလားလို့ ...!!

ကျွန်တော် အကျိုးအကြောင်း မဆီလျှော်ပဲ အဆက်အသွယ် ဖြတ်တတ်တဲ့ လူတွေကိုဆို
သိပ်မုန်းသည် ၊၊ သို့ပေမဲ့လည်း အခုကိစ္စက အဆက်အသွယ် ဖြတ်ရလောက်သည့်အထိ အကျိုး အကြောင်း ခိုင်လုံနေသည် ၊၊ أ‿أ

ဟျောင်းကို အပြစ်တင်လို့မရ အားလုံးဟာ သူ့အမှားပါ ၊၊ ဒါပေမဲ့လည်း သူရှင်းပြတာကို
ဟျောင်း က နားထောင်ပေးပြီး သြော် အဖြစ်မှန်က ဒီလိုပါလားဆိုပြီး နားလည်ပေးရမှာ ၊၊ အခုလိုအတွေ့မခံ စကား အပြောမခံတာမျိုး မဟုတ်ပဲနဲ့လေ !!

လိုနေတာစကားပြောဖို့ တစ်ခါနမ်းလိုက်ရင် စိတ်ဆိုးက ချက်ချင်း ပြေသွားမှာ ၊၊ သူသိသည်၊၊
အခု ပြဿနာက ဟျောင်းက သူ့ကို အတွေ့မခံတာ!

ဟျောင်းက သူ့ကို အတွေ့မခံလို့ ခက်လှသည်၊၊

တွေ့ချင်တယ် တွေ့ချင်တယ် .....!!

တကယ်ပဲ သူ့ကို သတိမရတော့တဲ့ လူကြီး
သူ့ကို စကားမပြောပဲ နေနိုင်နေတဲ့ လူကြီးကို
သူ စိတ်နာ ပစ်လိုက် ချင်နေပါပြီ ၊၊ ထို့ကြောင့်
ဒီဇာတ်လမ်းကို အခု ချက်ချင်း ဖြတ်ရမည် ၊၊
ရှောင်ပုန်းနေတဲ့ ကင်မ်ဆော့ဂျင် ကြောင့် သူဒေါသ ပိုထွက်ရသည်၊၊

KOOKJIN ONE SHOT COLLECTION Where stories live. Discover now