• ကိုကို့ကို ချစ်တယ် • 𝙵𝚒𝚗𝚊𝚕

1.7K 147 65
                                    


" နေပါအုံး မရိုးသားတော့တာ ကြာပြီဆိုတာ
ဘာကို ပြောချင်တာလဲ ! "

ဂျောင်ဂု နဲ့ စကားပြောပြီး ပြန်လာခဲ့တော့
သူအတွေးနယ်ချဲ့နေရသည်။ မရိုးသားတာ
ဘယ်လို မရိုးသားတာလဲ ။ မဟုတ်မှ
ဂျောင်ဂုက ...

ဟူး ဒီလိုဆိုရင်တောင် မဖြစ်သင့်ဘူး
မဟုတ်လား ။ ဂျောင်ဂု အဖေနဲ့ အမေကို
သူမျက်နှာ မပြဝံ့ဘူးလေ ပြီးတော့ သူ့ချစ်သူ
မိန်းကလေး ။ သူ သူမကိုပဲ ချစ်တာ ဂျောင်ဂု
ကိုတော့ သူ သံယောဇဉ် ရှိတာလို့ပဲ ပြောရမှာ
လား ။ ဂျောင်ဂုက သူ့ရဲ့ ကလေးလေးလေ။

" အား ~~~ !! "

သူ ကုတင် ပေါ်သို့ မှောက်ခုံ လှဲချလိုက်ပြီး
ခေါင်းအုံးနဲ့ မျက်နှာ ဖိကပ်ကာ အော်ဟစ်နေ
မိသည်။ ဘာလို့ ဒီလိုတွေ တွေးရခက်နေ
လည်း သူလည်း မသိ။

" အာ့ !"

သူ ‌စဉ်းစားနေရင်း နှုတ်ခမ်းလေးကို
ဖိကိုက်လိုက်တော့ နှုတ်ခမ်းထက်က
ဒဏ်ရာကြောင့် နာကျင်သွားရသည်။
သူ့ နှုတ်ခမ်းကိုင်ကြည့်တော့ အပေါက်ရာ
လေး ခုနက နမ်းတုန်းက ဂျောင်ဂု
ကိုက်ဖောက် ထားခဲ့တာပင်။

" အား ဗုန်း ဗုန်း !!
" ရှက်လို့ သေတော့မှာပဲ !! "

ဆော့ဂျင် ခေါင်းအုံးတွေကို လက်သီးနဲ့
ထုကာ အသံကလေးကလည်း ငိုသံပါလေး။

" နေပါအုံး ဂျောင်ဂုကို စိတ်မဆိုးတဲ့ အပြင်
ငါက အခု ရှက်နေတာလား ! ဝါး အဓိပ္ပာယ်
မရှိလိုက်တာ ရင်တွေရောတောင် ခုန်နေသေးတယ်။ "

ဆော့ဂျင်က သူ့ရင်ဘတ်ပေါ်သို့ လက်လေး
တင်ကာ အလေးအနက်နဲ့ စဉ်းစားနေသည်။
သူ့ကိုယ့်သူ အလိုမကျသလို နှုတ်ခမ်းတွေလည်း
စူထော်နေသည်။

" အာ အာ မဖြစ်တော့ဘူး မဖြစ်တော့ဘူး
ဂျွန်ဂျောင်ဂုကို ရှောင်ရတော့မယ်။
ရှောင်မှ ဖြစ်တော့မယ် ။"

ဆော့ဂျင် ဆက်မတွေးတော့ပဲ ပုံမှန် မဟုတ်သေး
တဲ့ ရင်ဘတ်ကို လက်နဲ့ ဖိထားရင်း မျက်လုံးတွေ
ကိုလည်း မှိတ်ချပစ်လိုက်သည်။ ဒီတစ်ညပြီးရင်
ပုံမှန် ပြန်ဖြစ်လောက်ပါရဲ့ ... ။

________________________

" ဟေ့ ! ကူးပေါက် မင်း "ကိုကို" ကို
လာရှာတာလား။"

KOOKJIN ONE SHOT COLLECTION Where stories live. Discover now