Chapter 41

8K 407 11
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 41

"ဆရာပြောသလောက်ဆိုရင် သူမအခြေအနေကခွဲစိတ်မယ်ဆို 70 ရာခိုင်နှုန်းလောက်ကိုယ့်ဘက်မှာရှိပါတယ် ပြီးတော့ မခွဲစိတ်ဘူးဆိုရင်တော့ ဒီလိုပဲလမ်းလျှောက်ရင်တောင်မောလို့  ဝှီးချဲနဲ့သွားရတာက တစ်သက်လုံးဖြစ်နိုင်ပါတယ်"

သူမက ဆရာဆီကပြန်လာတယ်ဆိုသူမကိုစောင့်နေကြတဲ့ လူနာရှင်မိန်းကလေးရဲ့မိဘတွေကို တွေ့ကာပြောတော့ မိဘတွေက မဆုံးဖြတ်ခင် သူ့စေရာနဲ့တူတဲ့လူကို အရင်ကြည့်နေကြသည်။

စေညွှန်း သူကိုဆုံးဖြတ်ခိုင်းနေတဲ့ မိဘတွေကြောင့် သူလည်းအချစ်ဆုံးညီမလေးအတွက် မေးသင့်တာမေးဖို့ရာ ဆရာဝန်မကို ကြည့်ပြီး...

"ဒေါက်တာပြောချင်တာက ခွဲစိတ်တဲ့အခါ ညီမလေးမှာက အသက်ရှင်ဖို့ 70 ရာခိုင်နှုန်းပဲရှိတယ်လို့ပြောချင်တာလား"

"ဟုတ်ပါတယ် ကျွန်မပြောတာအဲ့သဘောပါပဲ ဒါပင်မဲ့ စဥ်းစားဦးမယ်ဆို ဆောင်းတစ်ခုတော့ပြောပါရစေ အချိန်ဆွဲတာက လူနာအတွက်အသက်ရှင်ဖို့ ရာခိုင်နှုန်းက တစ်မေ့တစ်နေပိုလျော့နေမှာပါ"

စေညွှန်းက အသက် 30 နားကပ်နေသော်လည်း စီးပွားရေးလုပ်တဲ့အချိန်ကလွဲ ကျန်တဲ့အချိန်တွေမှာ လွတ်လွတမလပ်လပ်ပဲ နေခဲ့သူဖြစ်သောငြားလည်း အိမ်မှာက မိဘတွေကအစ တစ်ခုခုလုပ်ပြီဆို သူကိုတိုင်ပင်တက်ကာ သူဆုံးဖြတ်သလိုပဲလုပ်တာများသည်။အခုလည်း မိဘတွေကဆုံးဖြတ်ခိုင်းတာကို ဒေါက်တာကို သေချာမေးကြည့်တဲ့အခါ ခွဲစိတ်တာက အဆင်ပြေဆုံးနည်းလမ်းဖြစ်နေတာကြောင့် တစ်ခုခုမလွဲမှားသွားဖို့ ဆုတောင်းကာ....

"ဒါဆို ခွဲစိတ်ဖို့ကျွန်တော်တို့ သဘောတူပါတယ်....ဘယ်တော့လောက်ခွဲစိတ်ဖြစ်မယ်ဆိုတာတော့ သိခွင့်ရတယ်မဟုတ်လား"

"ခွဲစိတ်ဖို့ date ကတော့ ဆရာဝန်ကြီးကမပြောသေးဘူး ရှင်တို့ကိုအရင်မေးခိုင်းတာ သဘောတူလား မတူဘူးဆိုတာကို.....ရှင်တို့ဆီကအဖြေရမှ ကျွန်မတို့ကလုပ်သင့်တာလုပ်လို့ရမှာလေ"

သူမကို ဆရာကပြောလိုက်တာက လူနာဆေးစစ်ချက်မှာ ခွဲစိတ်ရင် 78 ရာခိုင်နှုန်းလောက်ရှိတယ်ပြောလိုက်ပင်မဲ့ သူမလျော့ပြောလိုက်တာက ခွဲစိတ်ဖို့ကို အချိန်ဆွဲမှာဆိုးလ်ုပင်။အသက်အရွယ်ငယ်ငယ်လေးနဲ့ ဒီလိုဝှီးချဲပေါ်အမြဲနေသွားရမှာတော့ သူမစိတ်မကောင်းဖြစ်မိလို့ပင်။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now