အပိုင်း(၁)

4.3K 297 55
                                    

( UNICODE )

(အပိုင်းတစ် )

* ဒီညနေ.. !မင်း ဒက်ဒီနဲ့အတူ ဒင်နာတစ်ခုတက်ပေးရမယ် *

ဂစ်တာကြိုးထက်ပြေးလွှားနေသော လက်ချောင်းတွေမှာ ရပ်တန့်သွားလေပြီး
အေးစက်စက်စကားတွေချည်း ရွေးပြောတတ်သည့်ဒက်ဒီဆိုသူအား ခပ်ရွဲ့ရွဲ့မျက်ဝန်းတွေဖြင့်ပဲ မော့ကြည့်ပစ်လိုက်သည်။

အမိန့်ပေးဖို့တစ်ခုကလွဲရင် ကျန်တာဘာစကားမှပြောဖို့အစီအစဥ္မရှိတာပဲလား...။
အဟက်...!ဒက်ဒီမွေးထားတဲ့သားကလည်း အမိန့်ဆိုဘယ်အမိန့်မှမနာခံတတ်တာကို
ဒက်ဒီအနေနဲ့မမေ့ထားသင့်ဘူး။

* ငြင်းမယ်ဆိုရင်ရော *

ဂစ်တာကိုဘေးချထားလိုက်ပြီး မထီသလိုမျက်နှာပေးနှင့် ခပ်တည်တည်ပဲငြင်းသည်။
ဒေါသအရှိန်ကြောင့် ဒက်ဒီမျက်နှာကြီးနီရဲတက်လာတာကိုကြည့်ရင်း သူ့နှုတ်ခမ်းပါးမှာကော့တက်သွားရသလို သူ့ထံမှ ခပ်တိုးတိုးရယ်သံတစ်ခုကိုလည်း ကြားလိုက်ရသည်။

* ငြင်းခွင့်မရှိဘူး..!လိုက်ကိုလိုက်ရမယ် *

* ကျွန်တော်ငြင်းတယ်ဒက်ဒီ..။ *

* ဂျွန်ဂျောင်ကု !!!*

စွပ်ကျယ်အနက်နှင့်သားဖြစ်သူမှာ လက်မောင်းရင်းမှနေ လက်ချောင်းလေးတွေလက်ဆစ်လေးတွေပေါ်အထိ တက်တူးကိုပုံဆွဲထားသလိုနှယ်ခုံခုံမင်မင်ကိုထိုးတာမို့ လူရမ်းကားရုပ်ထွက်နေပြီမဟုတ်လား။

အသားဖြူသူမို့ ဒီလိုစွပ်ကျယ်တွေဝတ်ထားရင် တက်တူးထင်းထင်းတွေနဲ့ဘယ်လိုတောင်လိုက်ဖက်နေသလဲမပြောတတ်သော်လည်း
ဂျွန့်ပုံစံ ဂျွန့်စတိုင်လ်ဟာဆိုရင်ဖြင့်အဖေဖြစ်သူမျက်လုံးထဲ၌ လမ်းသရဲကောင်သာဖြစ်နေခဲ့၏။

* ဒက်ဒီရဲ့ဇနီးအသစ်ကို ပွဲထုတ်မယ့် ပါတီမှာ ကျွန်တော့်ကိုလိုရော လိုအပ်လို့လား *

ဒက်ဒီမခံမရပ်နိုင်ဖြစ်စေမယ့်စကားလုံးတွေကိုသာ ရွေးပြောပစ်ခဲ့ပြီး ဂစ်တာကိုကောက်ဆွဲကာ သူအခန်းထဲ ဝင်ခဲ့လိုက်တော့သည်။
အောင်နိုင်သူတစ်ယောက်လိုအပြုံးတွေကိုတော့ ဒက်ဒီမမြင်ဘဲဘယ်နေပါ့မလဲ။

My Park Filter (Completed)Where stories live. Discover now