ဇာတ်သိမ်းပိုင်း

2.2K 209 21
                                    

( UNICODE Version )

( ဇာတ်သိမ်းပိုင်း )

မျှော်လင့်ထားတဲ့အတိုင်း သူ့ဒက်ဒီနဲ့မိထွေးတို့ကွာရှင်းလိုက်ကြပြီ။ဒါကဖြစ်သင့်တာပဲလေ။
မဟုတ်ရင် ဘာက အဖြစ်သင့်ဆုံးလို့ထင်လဲ။

လူအိုကြီးဖြစ်နေမှ အိမ်ထောင်ကွဲဖြစ်သွားရသည့်ဖခင်အတွက် သားတစ်ယောက်အနေနဲ့ဆိုစိတ်မကောင်းပေမယ့်လည်း သဘောမကျစရာတော့မရှိပါဘူး။စိတ်တိုင်းကျတာထက်ကိုပိုနေသေးတယ်။....................။

ကျင့်သားရနေတဲ့မျက်လုံးတွေက အချိန်ကျလာတာနဲ့အော်တို အလုပ်လုပ်တော့သည်။နံဘေးမှာ အိပ်မောကျနေဆဲကောင်လေးကို
တစ်ချက်ဖျစ်ညှစ်ပစ်လိုက်ပြီး စီးကရတ်ဗူးကိုဆွဲကာ အခန်းပြင်ထွက်သွားလေသည်။

ကော်ဖီသောက်ရင်း ဆေးလိပ်ရှိုက်တာကဂျွန်ဂျောင်ကုရဲ့မနက်စာပင်ဖြစ်သည်။ဆေးလိပ်ရှိုက်နေရင်းအကြောင်းပြချက်မဲ့ပြုံးမိသွားတဲ့နှုတ်ခမ်းပါးသည် သူလုပ်ခဲ့သမျှလုပ်ရပ်တိုင်း
အတွက်ကျေနပ်မှုရှိကြောင်းဖော်ပြနေသလို။

ဝရံတာမှန်တံခါးကို တွန်းဖွင့်လာသည့်အသံကြားလိုက်ရသည်နှင့် လက်ထဲကဆေးလိပ်ကို ထိုးချေ၍ပြီးသားပါ။

* ဆေးလိပ်တွေလျှော့သောက်ပါဆို အစ်ကိုက တကယ်ခက်တယ် *

အိပ်မှုန်စုံဝါးမျက်နှာလေးက မျက်မှောင်လေးတကုပ်ကုပ်လုပ်ထားရင်း ဆူညံပူညံလေးလုပ်လာတော့ အစ်ကိုက လက်ထဲက ဆေးလိပ်တိုကို တိုက်အောက်လွှတ်ပစ်ရင်း...

* ကိုယ်လျှော့ထားတာ မင်းအသိဆုံးပါ *

* အစ်ကိုလျှော့ထားတာကလည်း ဖင်ကနေ မီးခိုးမထွက်ရုံတစ်မယ်ပဲ..။ *

ထေ့ငေါ့ခံလိုက်ရ၍ ဂျောင်ကုထံမှနေ ရယ်သံတစ်ခုထွက်လာလေသည်။ဂျီမင်းကမူ စကားမပြောချင်တော့သောမျက်နှာလေးနဲ့ခပ်တည်တည်ပဲ အိမ်ထဲပြန်ဝင်သွားဖို့လုပ်လိုက်လျှင် ဂျောင်ကုကပါ အိမ်ထဲလိုက်ဝင်သွားပြန်သည်။

ထမင်းစားခန်းဖက်လျှောက်သွားသည့် ကောင်လေးကိုနောက်ကနေလိုက်ကြည့်နေရတဲ့ခံစားချက်က အလွန့်အလွန်ကို အသည်းတယားယားဖြစ်စေတယ်။ထမင်းစားပွဲတွင်ဝင်ထိုင်နေလိုက်ရင်း ဟိုဟိုဒီဒီအလုပ်ရှုပ်နေတာလေးကိုကြည့်နေရတာ သိပ်မဆိုးလှဘူး။

You've reached the end of published parts.

⏰ Last updated: Apr 07 ⏰

Add this story to your Library to get notified about new parts!

My Park Filter (Completed)Where stories live. Discover now