အပိုင်း(၇)

1.4K 163 29
                                    

( UNICODE )

( အပိုင်း-၇ )

မနေ့ညက ဆိုင်ကယ်ကွင်းကအပြန် Clubကိုပါ ဆက်သွားခဲ့ကြ၍ ယနေ့မနက်တွင်တော့ပါ့ခ်ဂျီမင်းတို့ ထိုင်းမှိုင်းနေရသည်။အစ်ကိုတော့ဘယ်လိုနေမလဲမသိပေမယ့် သူ့မှာ လန်းဆန်းနေရမယ့် ဒီလိုမနက်ခင်းမှာတောင် အရက်နာကျရသေးသည်။

နိုးလာတော့ အရက်နာကျတဲ့ဒဏ်ကြောင့်အိပ်ရာထဲဟိုလိှမ့်ဒီလှိမ့်လုပ်နေမိခိုက် အခန်းဝကနေရပ်ကြည့်နေတဲ့အစ်ကိုနဲ့အကြည့်ချင်းဆုံသည်။မပြုံးမရယ်မျက်နှာကြီးကထုံးစံလိုဖြစ်နေပေမယ့် အစ်ကို့အပြုံးလေးကိုတော့
အရင်လိုမြင်ချင်မိသား။

* ရေချိုးပြီးထွက်လာခဲ့ *

အစ်ကိုရုပ်တည်နေရင် တကယ်ကြောက်ဖို့ကောင်းသည်။ဘာမှန်းအတိအကျမသိတဲ့အရှိန်အဝါတစ်ခုက အစ်ကို့ကိုယ်ထဲကနေ တိုးထွက်နေသလိုပဲ ခံစားနေရတာက ဘာများပါလိမ့်။

အိပ်ရာထဲမှာ ခဏလောက်လှိမ့်ဦးမည်ဆိုသည့် အစီအစဥ္သည်လည်း အစ်ကို့အေးစက်မှုအောက်ကြက်ပျောက်ငှက်ပျောက်။ရေချိုးပြီးပြန်ထွက်လာတော့ အိပ်ရာသည်သိမ်းထားပြီးဖြစ်သလို၊သူ့အတွက် ဝတ်စုံတောင်ရွေးထုတ်ပေးထားသေးသည်။

အစ်ကိုရွေးပေးတဲ့ဝတ်စုံကိုဝတ်၊အစ်ကိုပြင်ပေးတဲ့မနက်စာကို အခန့်သားလေးထိုင်စားပြီးလျှင် အစ်ကိုပေးတဲ့မုန့်ဖိုးကိုယူပြီးအတန်းသွားတက်ရုံပါပဲ။

အစ်ကိုနဲ့အတူရှိနေချိန်တွေမှာဆို သူဟာကလေးတစ်ယောက်လိုခံစားချက်တွေဖြစ်မိပေမယ့် ချုပ်ချယ်မှုတွေတော့မခံစားရဘူး။
ပျော်တယ်။မညာဘူး။အစ်ကို့အိမ်မှာနေရတာကို တကယ်ပျော်တယ်။

* အစ်ကို ညကအိပ်လို့ပျော်ရဲ့လား *

အစ်ကို့က နူးနူးညံ့ညံ့လေးပြုံးလေးပြီး ခေါင်းပဲညိတ်ပြတယ်။ကော်ဖီခွက်ကိုယူသွားပြီး စားပွဲမှထကာ သူ့နှာခေါင်းထိပ်ကိုလက်ညိုးနဲ့ ဖိဖိတစ်ချက်တောက်လျှက် ထမင်းစားခန်းထဲမှ အစ်ကိုထွက်သွားပေးသည်။

..... My Patk Filter .....

အတန်းတက်ဖို့စောနေသေးတဲ့အပြင် ဘာလုပ်စရာမှလည်း ထွေထွေထူးထူးမရှိတဲ့ရက်တွေဆို ကျောင်းအစောကြီးရောက်နေတာက ပျင်းစရာကောင်းလွန်းသည်။သူငယ်ချင်းမရှိတာက ဒီလိုအချိန်တွေဆို တစ်ယောက်တည်းငေါင်စင်းရတာများတယ်။

My Park Filter (Completed)Where stories live. Discover now