အပိုင်း(၆)

1.5K 172 12
                                    

( UNICODE )

( အပိုင်းခြောက် )

ခြံထဲထိ အကြမ်းပတမ်းမောင်းဝင်လာသည့်ဆိုင်ကယ်ကြောင့် အလုပ်သမားတွေမှာ ဘယ်ဆီကိုပြေးလို့ ပြေးရမှန်းမသိအောင်တုန်လှုပ်သွားကြရသည်။နောက်ဆုံးတော့ အိမ်ကြီးရှင်ပြန်ရောက်လာပြီပဲ။ဆိုင်ကယ်ဦးထုတ်အားဆွဲချွတ်လိုက်သဖြင့် တည်တည်တင်းတင်းမျက်နှာကြီးမှာပေါ်လွင်လာလေသည်။

တွန့်တွန့်ကုပ်ကုပ်မျက်ခုံးတန်းတွေနဲ့အပြိုင်
နှုတ်ခမ်းပါးလေးကိုပါ တင်းတင်းစေ့ပိတ်ထားသေးသည်။လက်ချောင်းလေးတွေပဲပေါ်သော ဆိုင်ကယ်စီးလက်အိတ်ဝတ်ထားသည်မို့ လက်ချောင်းထိပ်တွေမှာနီရဲနေသေးသည်။

ဖိနပ်ကိုပင်ချွတ်မနေတော့ဘဲ အိမ်ထဲထိဝင်ချ
သွားလိုက်တော့ Maidကောင်မလေးတွေမှာ
ခေါင်းလေးတွေငုံချထားရာကနေ မော့ကြည့်လာကြသည်။အကြည့်တွေဟာ တစ်မျိုးဖြစ်နေ၍ ဂျောင်ကုသည် မျက်ခုံးတွေကိုပိုမိုတွန့်ကုပ်ပစ်လိုက်ပြီးစူးစူးရဲရဲစိုက်ကြည့်ပေးတော့
အလျှိုလျှိုခေါင်းပြန်ငုံသွားကြသည်။

အားလုံးရဲ့အကြည့်တွေထဲမှာ"အချိန်အခါမဟုတ်ဘဲ ဘာလို့အိမ်ပြန်ရတာလဲ"ဟု တစ်ညီတစ်ညွှတ်တည်းမေးခွန်းထုတ်နေကြသလားမှတ်ရတယ်။ဂျွန်ဂျောင်ကုက ပြဿနာတွေချည်းသယ်လာတတ်လို့ ဒက်ဒီတင်မကဘူး!သောက်ရေးမပါတဲ့ အိမ်ကဟာတွေကပါ ဒီကောင်ကိုမမြင်ရလေကောင်းလေအဲ့လိုလား!..။

ဒီကောင်က ပြန်လာချင်လို့ပြန်လာတာမဟုတ်ဘူး။အသုံးပြတ်သွားလို့ ပြန်လာတောင်းတာ။
ဒက်ဒီက ဒီကောင့်ကို ငွေဖြတ်ထားသဗျ။ဘာအသုံးစရိတ်မှမထုတ်ပေးတော့တာကြာနေပြီ။မဖြစ်စလောက်ငွေလေးဖြတ်လိုက်ရုံနဲ့ထိန်းချုပ်ရပြီလို့ဒက်ဒီက လျော့တွက်ထားပုံပဲ။

ဒါပေမယ့် ဘယ်လိုလုပ်မလဲ..ဒီကောင်ဂျောင်ကုမှာ ဘရိတ်မရှိတော့ခက်တယ်။ဒက်ဒီမပေးတော့မယူရုံပေါ့။ကိုယ့်အတွက် မာမီထားခဲ့တဲ့အမွေတွေရှိသေးတယ်လေ။အခုအိမ်ပြန်လာတာကလည်း မာမီပိုက်ဆံလာတောင်းတာ။မပေးရင်တော့ ရတဲ့နည်းနဲ့ပေါ်တက်လုပြေးရမှာပဲ။မတတ်နိုင်ဘူး။

My Park Filter (Completed)Where stories live. Discover now