-Unicode-
ဒီနေ့လည်းထပ်ပြီး လာကြိုတဲ့ ဦးလေးဟန်ကိုအိမ်ပြန်လွှတ်လိုက်တဲ့ Kim Taehyung မှာရည်ရွယ်ချက်ပေါင်းများစွာနဲ့။ တစ်သက်နဲ့တစ်ကိုယ် လူတစ်ယောက်နောက် ခိုးချောင်ခိုးဝှက်လိုက်ချောင်းရလိမ့်မယ်လို့ အိမ်မက်ပင်မမှတ်ဖူးခဲ့တဲ့ Kim Taehyung ဘဝကအကြောတင်း အဆိုးလေးကြောင့် လက်တွေ့လုပ်နေရပြီ။ ပင်ကိုယ်ဗီဇအရဆိုးသွမ်းနေတာမျိုးမဟုတ်ပဲ သက်သက်လုပ်ယူမိုက်ပြနေတာတဲ့ ဒီဟာလေးကသူ့ရဲ့စိတ်အစုံ ဝင်စားမှုကိုရာခိုင်နှုန်းအပြည့်ရရှိနေသည်။
ပတ်ဝန်းကျင်ဆိုတာ လူတစ်ယောက်ရဲ့အပြုအမူအနေအထိုင်တွေပြောင်းလဲသွားခြင်းအပေါ် အများကြီးထိရောက်မှုရှိတာကြောင့် ဂျွန်ဂျောင်ဂုနေထိုင်ရတဲ့ ပတ်ဝန်းကျင်ရပ်ကွက်ကိုလေ့လာကြည့်ချင်သည်။ ဟိုကန်ဒီကန် ဂျစ်တစ်တစ်လမ်းလျှောက်နေတဲ့ ကျောပြင်နောက် ခပ်ခွာခွာကနေ ခပ်သွက်သွက်ခြေလှမ်းတွေနဲ့အမှီလိုက်ရင်း တစ်ချက်တစ်ချက်နောက်လှည့်ကြည့်လာရင် လမ်းဘေးရပ်ထားတဲ့ကားတွေ တံတိုင်းနောက်တွေဝင်ဝင်ပုန်းရတာလဲ ဘယ်အချိန်မိမလဲစိတ်နဲ့ ဇောချွေးတပျံပျံ။ သူ့မှာ စုံထောက်လိုလို spy လိုလို အဟားး။
လျှောက်ရင်းလိုက်ရင်းအချိန်တစ်ခုရောက်တော့ သာမာန်ရပ်ကွက်လေးထဲ ရောက်မှန်းမသိရောက်လာသည်။ ရုတ်ချည်းရပ်တန့်သွားတဲ့ ဂျွန့်ခြေလှမ်းတွေကြောင့် Kim Taehyung ပုန်းပေါက်မဲ့လေပြီ။ ရှေ့ဆက်တိုးရမလို နောက်ဆုတ်ရတော့မလို လမ်းပျောက်နေစဥ်မှာပဲ ဂျွန်ဂျောင်ဂုရဲ့အရှေ့ဘက်ကအုပ်လိုက်ကြီးထွက်လာတဲ့ ရုပ်ကြမ်းတွေနဲ့လူတွေ!
"ပြန်လာပြီပေါ့ ဂျွန်ဂျောင်ဂု!"
"ချီးးလိုပဲ..ခင်ဗျားတို့စောက်ကြောင်းလား။ လမ်း ဖယ် စမ်း!"
"အကြွေး!"
"ကျစ်! ခင်ဗျားတို့စီကစောက်ကြွေးယူတာကျုပ်လား ဟမ်!"
"မင်းမဟုတ်ပေမဲ့ မင်းအမေလေ။ ကောင်းကောင်းမွန်မွန်တောင်းနေတုန်းပေးလိုက်စမ်းပါ မင်းလိုသူငယ်နှပ်စားကလေးသာသာကို လက်မပါချင်ဘူး!"
"ခင်ဗျားတို့စီကစောက်ဆံယူထားတဲ့သူကို သွားတောင်း။ ကျုပ်နဲ့နည်းနည်းမှဆိုင်မနေနဲ့ကိစ္စကို လာပတ်ရမ်းမနေနဲ့! ခပ်ဝေးဝေးကို သွားစမ်းပါ။ ဒေါသထွက်နေနဲ့ခွေးတွေနဲ့ ရန်ဖက်မဖြစ်ချင်ဘူး!"