-Unicode-
အခန်းတံခါးကိုအသံမမြည်အောင် ခပ်ဖြည်းဖြည်းခြင်းဖွင့်ပြီး ကုတင်ဆီတန်းတန်းမတ်မတ်သွားကာ လက်ထဲကအမူးလွန်နေသူကိုသာသာယာယာချပေးတော့ လက်ပေါ်နေရတာကြိုက်အဆိုးအပေက သူ့လက်ကိုဆွဲဖက်ပြီး တစ်ဖက်ကိုလှည့်သွားကာအိပ်သည်။ ကလေးတွေလို သူ့ရဲ့လက်ညိုးနဲ့လက်ခလယ်နှစ်ချောင်းကို ခပ်ကျစ်ကျစ်ဆုပ်ထားတာများ လွတ်ထွက်မှာစိုးတဲ့အလား။ အိပ်နေရင်းအဲ့လိုလေးကိုင်လာတတ်တာအကျင့်လား..အရင်တစ်ခေါက်တုန်းကလည်း ဒီလိုဆုပ်ကိုင်ပြီးအိပ်နေခဲ့တာမဟုတ်လား။ လူတွေကြားအဆိုးအပေလုပ်နေပေမဲ့ တကယ့်အဖြူထည်ကလေးအကျင့်လေးတွေနဲ့ ပိုပိုသိလာတဲ့ Jeon Jungkook ကအံ့ဩစရာကောင်းလောက်အောင် ကလေးလိုချစ်စရာအမူအကျင့်တွေရှိနေတယ်။ အဲ့လိုအပြုအမူတွေသာ တစ်ခုချင်းကောက်ပြီးသိမ်းထားပစ်လို့ရရင်အဆင်သိပ်ပြေမှာ။ အဖိုးတန်လွန်းလို့ တန်ဖိုးကြီးမြတ်လွန်းလို့...
မာန်တစ်လုံးနဲ့ တစ်ယောက်တည်းရိုးရိုးရှုင်းရှုင်းကုန်ဆုံးလာတဲ့နေ့ရက်တွေမှာ အခုလိုသူများဖိနပ်ချွတ်ပေးတဲ့အထိ လိုလိုလားလားလုပ်ပေးမိလိမ့်မယ်လို့ တွေးတောင်မတွေးကြည့်မိဖူးဘူး။ Jeon Jungkook ဆိုတာနဲ့ Kim Taehyung တို့ဘုရင်တင်မြှောက်ခစားပစ်ပြီးသားပဲ..နောက်မှကြင်ယာတော်ရာထူးပြောင်းပေးရင်တော့ လိုလားပေးပါအချစ်ရယ်။
ခြေအိတ်ဖြူဖြူချွတ်လိုက်သည်နှင့် ပထမဆုံး..! တကယ့်ကိုပထမဆုံးပဲ Jeon Jungkook ဆိုတဲ့ အချိုးအစားညီညီဖွဲ့စည်းတည်ဆောက်ထားတဲ့ခန္ဓာရဲ့ နူးညံ့တဲ့အစိတ်အပိုင်းတွေထဲကတစ်ခုကို ပထမဆုံးမြင်တွေ့လိုက်ရခြင်းမှာ Kim Taehyung မျက်ဝန်းထဲလိပ်ပြာလေးတွေပျံဝဲခဲ့သည်။ နီတာရဲခြေချောင်းလေးတွေနဲ့ သူ့လက်ဖဝါးထက်တောင်အနည်းငယ် သေးငယ်နေတဲ့ ပန်းရောင်သမ်းခြေဖဝါးပြင်သေးသေးကို ဒီအတိုင်းဖွက်ထားလို့ရရင်သိပ်ကောင်းမှာပဲ။
ကြမ်းကြမ်းကြီးတောင်မထိကိုင်ရက်..ပဲ့ကျသွားရင်ကြွေကျသွားရင် ဘယ်နှယ့်လုပ်ရပါ့။
ဖိနပ်ကြီးကြီးအောက်က ဖွက်ထားခဲ့တဲ့ခြေဖဝါးလေးက Kim Taehyung ကိုကြောင်အ သွားစေတဲ့အထိ ဂျစ်ကန်ကန်အကျင့်စရိုက်တွေနဲ့ကွဲထွက်စွာ အမူးတောင်ပြေစေခဲ့သည်။ ကုတင်အောက်ဒူးထောက်ရင်းအိပ်နေသူရဲ့ခြေနှစ်ဖက်ကို တန်ဖိုးကြီးပစ္စည်းလိုလို ကိုင်တွယ်ရင်းဒီညတော့ရူးကြောင်ကြောင်တွေဖြစ်ဦးမှာမလွှဲမသွေ။